Sunday, January 26, 2014

ယာဉ်နောက်ဘီး ရှပ်တန်းကျိုး၍ တိမ်းမှောက်

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန် ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်(၅၆/၁-၂)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ဘောနီ အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့သည်။


ထိုသို့ စစ်ဆေးရာ ရန်ကုန်မှ တောင်ငူသို့ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ စိတ်ကူး ခင်ရွာနေ ဌေးဝင်း (၅၀)နှစ် မောင်းနှင်ပြီး ယာဉ် ပေါ်တွင် ရန်ကုန် တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းတောင်ပိုင်းနေ မြတ်ထက်ဦး (၂၇)နှစ် လိုက်ပါ လာသော ဟိုင်းလတ် ဆပ်ဖ်ခဲရောင် ယာဉ်သည် နောက်ဘီးရှပ်တန်း ကျိုးသွားပြီး လမ်းယာဘ က်မြေသား လမ်းပေါ်သို့ ထိုးကျတိမ်းမှောက်သွားရာ မြေသား လမ်းပေါ်၌ လမ်းလျှောက်နေသူ ပဲခူးမြို့နယ်၊ ထန်းတောကြီး ကျေးရွာနေ မြင့်ဇော်ဦး (၃၀)နှစ်နှင့် ကျုံပျော်မြို့နယ်၊ မဲဇလီကုန်း ရွာနေ သိန်းဇော်(ခ) အောင်ဇော်ထွန်း (၂၂)နှစ် တို့ ၂ ဦးအား ထပ်မံတိုက်မိခဲ့သည်။

ထိုသို့တိုက်မိမှုကြောင့် မြင့်ဇော်ဦးတွင် ဝဲဂျိုဇောင်း ပေါက်ပြဲ၊ ဝဲနားပြတ် ဒဏ်ရာနှင့် သိန်းဇော် (ခ)အောင်ဇော်ထွန်းတွင် ဦးခေါင်းနောက်စေ့ပွင့်၊ ယာနားသွေး ထွက်၊ ယာခြေသလုံး ကျိုးဒဏ် ရာများဖြင့်သေဆုံးခဲ့ပြီး ယာဉ်မောင်း ဌေးဝင်းနှင့် မြတ်ထက်ဦး တို့တွင် ပေါက်ပြဲဒဏ်ရာများ အသီးသီး ရရှိခဲ့၍ ပဲခူးဆေးရုံသို့ တင်ပို့ကုသကာ ယာဉ်မဆင်မခြင်မောင်းနှင် သူ ဌေးဝင်း အား ဘောနီအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/ ၃၃၈/၃၀၄-ကဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

MOI Webportal Myanmar

0 comments:

Post a Comment