ယခုနှစ်အတွင်း GSM ဖုန်း စုစုပေါင်း ၄ သန်း ချထားပေးနိုင်ရေးလျာထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “လက်ရှိ GSM ဖုန်းတွေက MEC CDMA 800 MHz ဖုန်းတွေ ချထားပြီး နောက်ပိုင်းပဲ ချထားပေးရသေးတယ်။ စုစုပေါင်း နှစ်သိန်းပဲ ရှိပါသေးတယ်” ဟု ၄င်းတာဝန်ရှိသူက ပြောကြားသည်။ယခုနှစ်အတွင်း GSM ဖုန်းလိုင်း ၄ သန်း ချထားပေးနိုင်မည့် လျာထားချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေဆဲဖြစ်ပြီး ပြည့်မီ၊ မမီဆိုသည်ကိုပြောပြရန် စောသေးကြောင်း ဆက်လက် ပြောကြားသည်။ “GSM စီမံကိန်းက ဒီနှစ်အတွက် မတ်လအထိအကျုံးဝင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ယခုနှစ်အတွက် GSM ဖုန်းများကို ဇူလိုင်လမှ စတင်ကာ ချထားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၁၅၀၀ တန် တန်ဖိုးနည်းဖုန်းအဖြစ် ချထားပေးခဲ့ခြင်း ဖြစ်သည်။ ယခုလအတွက် ချထားပေးမည့် GSM တယ်လီဖုန်းလိုင်း အရေအတွက်ကို လက်ရှိအချိန်အထိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ပြောင်းလဲမည့် အများပိုင်ကုမ္ပဏီ၊ရတနာပုံတယ်လီပို့ကုမ္ပဏီလီမိတက်တို့နှင့်အတူ ပြည်ပအော်ပရေတာနှစ်ခုတို့ကဝန်ဆောင်မှုပေးနိုင်ရန်
ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
Internet

 
 
 
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate
0 comments:
Post a Comment