Tuesday, August 23, 2016

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သြဂုတ်လအတွင်းရင်းနှီးမြှုပ်နှံမှု ပ မာဏကို ကျပ် ၃၂၇၁၉ ဒသမ ၆၆ သန်းနှင့် ကန်ဒေါ်လာ ၆၂ ဒသမ ၅၇၉ သန်း ခွင့်ပြု

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ယခုသြ ဂုတ်လ အတွင်း ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကိုး ခုမှ ရင်း နှီးမြှုပ်နှံ မှုပမာ ဏ ကျပ် ၃၂၇၁၉ ဒသမ ၆၆ သန်းနှင့် အမေရိကန် ဒေါ်လာ ၆၂ ဒသမ ၅၇၉ သန်းကို ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံ မှုကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အစည်းအဝေးအမှတ် (၁၅/၂၀၁၆) အရ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဥပဒေအရ လုပ်ငန်းလေး ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၄၂ ဒသမ ၀၇၇ သန်းနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အရလုပ်ငန်းငါးခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ် လာ ၂၀ ဒသမ ၅၀၂ သန်းနှင့် ကျပ်သန်းပေါင်း ၃၂၇၁၉ ဒသမ ၆၆ အား ခွင့်ပြုပေး ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံ မှု လုပ်ငန်းပေါင်းကိုးခုမှ ရင်းနှီးမြှုပ်နှံ မှု ပမာဏကျပ် ၃၂၇၁၉ ဒသမ ၆၆ သန်းနှင့် အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၅၇၉ သန်းကို ခွင့်ပြုပေးခဲ့ ကြောင်း သိရသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးသန်းအောင် ကျော်က " မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်ရဲ့ ၁၅/၂၀၁၆ အစည်း အဝေးကနေ ရင်းနှီးမြှုပ်နှံမှုလုပ် ငန်း ပေါင်းကိုးခုကို ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၃၂၇၁၉ ဒသမ ၆၆ သန်းနဲ့ အမေရိကန်ဒေါ်လာ ၆၂ ဒသမ ၅၇၉ သန်းကို ခွင့်ပြုခဲ့ပါတယ်။ အလုပ်အ ကိုင်အခွင့်အလမ်း အနေနဲ့ ပြည်တွင်း အလုပ်အကိုင် ၂၄၇၉ ခုနဲ့ ပြည်ပအ လုပ်အကိုင် ၄၂ ခု စုစုပေါင်း ၂၅၂၁ ခုကို ဖန်တီးပေးနိုင်ခဲ့ပါတယ်"
ဟု သြဂုတ်လ ၂၂ ရက်က ရင်းနှီးမြှုပ် နှံမှုကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာနတွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကဏ္ဍရှိ စက်မှုကဏ္ဍတွင်လုပ်ငန်း နှစ်ခု၊ ဟိုတယ်ကဏ္ဍတွင် လုပ်ငန်း တစ်ခုနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး ကဏ္ဍတွင်လုပ်ငန်းတစ်ခုဖြစ်ပြီး ယင်းလုပ်ငန်းများမှ အလုပ်အကိုင် အခွင့်အလမ်း ၁၆၅၈ ခုကို ဖန်တီး ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် မွေးမြူရေးနှင့် ရေ လုပ်ငန်းကဏ္ဍတွင် လုပ်ငန်းတစ်ခု၊ ဟိုတယ်ကဏ္ဍတွင် လုပ်ငန်းတစ်ခု၊ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် လုပ်ငန်း တစ်ခု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေး ကဏ္ဍတွင်လုပ်ငန်း တစ်ခုနှင့်အ ခြား ၀န်ဆောင်မှုကဏ္ဍတွင် လုပ်ငန်း တစ်ခုဖြစ်ပြီး ယင်းမှအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၈၆၃ ခုကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
Credit To>>> Democracy Today

0 comments:

Post a Comment