Friday, July 22, 2016

နျူကလီးယားစွမ်းအင်သုံး ဗြိတိသျှရေငုပ်သင်္ဘောတိုက်မှုဖြစ်ပွားပြီးနောက် ဂျီဘရော်လတာ၌ လွန်းတင်

နျူကလီးယားစွမ်းအင်သုံး ဗြိတိသျှရေငုပ်သင်္ဘောသည် စပိန်နိုင်ငံ တောင်ပိုင်းတွင် ကုန်သင်္ဘောတစ်စင်း နှင့် ရင်ဆိုင်တိုက်မိပြီးနောက် ဂျီဘ ရော်လတာ သင်္ဘောကျင်း၌ ဇူလိုင် ၂၀ ရက်က သွားရောက်လွန်းတင်ခဲ့သည် ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန က ဇူလိုင် ၂၁ ရက်က သတင်းထုတ် ပြန်ပြောဆိုလိုက်သည်။

"ရေငုပ်သင်္ဘောဟာ ပြင်ပထိခိုက်မှုအနည်းငယ်သာရှိခဲ့ပြီး အတွင်း ပိုင်းနျူကလီးယားစက်ခန်းကိုတော့ မထိခိုက်ခဲ့ပါဘူး။ သင်္ဘောသားတွေ လည်း တစ်ယောက်မှထိခိုက်မှုမရှိပါ ဘူး" ဟု သတင်းထုတ်ပြန်ချက်၌ ပါ ရှိခဲ့သည်။
"၀င်တိုက်မိတဲ့ ကုန်တင် သင်္ဘောလည်းပဲ နည်းနည်းပဲအထိ အခိုက်ရှိတာပါ။ အဲဒီသင်္ဘောနဲ့လည်း အဆက်အသွယ်ရရှိလို့ သိရှိရပါတယ်" ဟု ပါရှိခဲ့သည်။
ဗြိတိသျှရေငုပ်သင်္ဘောThe HMS Ambush သည် ဇူလိုင် ၂၀ ရက် မွန်းလွဲပိုင်းက ရေငုပ်တာဝန် လေ့ကျင့်နေရင်း တိုက်မိခဲ့ကာ ယင်း နေ့ချင်းပင် ဂျီဘရော်လတာလွန်းကျင်း သို့သွားကာ စစ်ဆေးမှုခံယူခဲ့သည်။
ဗြိတိန်ရေငုပ်သင်္ဘောတွင် တော်ပီဒို လက်နက်အကြီးစားများ၊ တွမ်မာ ဟော့(ခ်) ဒုံးပျံများပါဝင်နေပြီး ဂျီဘ ရော်လတာသို့ ပုံမှန်စစ်ဆေးရန် ရေ အောက်လမ်းဖြင့် သွားရောက်စဉ် ကုန်တင်ရေယာဉ်ဖြင့် ရင်ဆိုင်တိုက် မိခဲ့ခြင်းဖြစ်သည်။ သို့သော် အရှိန်မ ပြင်းထန်ဟု သိရှိရသည်။The HMS Ambush အား ဂျီဘရော်လတာတွင် လွန်းတင်နေစဉ်အတွင်း သင်္ဘောချင်း တိုက်ခိုက်မှုအား စုံစမ်းစစ်ဆေးသွား မည်ဖြစ်သည်။
ဂျီဘရော်လတာကျွန်းသည် စပိန်နိုင်ငံ တောင်ဘက်စွန်းတွင်ရှိ ကာ ၁၇၁၃ ခုနှစ်ကပင် ဗြိတိန်ပိုင်နယ် အဖြစ်သတ်မှတ်ကာ လူဦးရေ ၃၀၀၀၀ ခန့်နေထိုင်သော ကျောက်တောင်ထူထပ်သော မြို့တစ်မြို့ဖြစ်သည်။
Credit To >>> Democracy Today

0 comments:

Post a Comment