Friday, July 22, 2016

ကျပ်သိန်း ၅၀ အောက် တန်ဖိုးနည်းအိမ်ရာ အခန်း သုံးသိန်းဆောက်မည်


ဝင်ငွေနည်း အခြေခံလူတန်းစား ပြည်သူများကို ဦးစားပေးရောင်းချမည့် ကျပ်သိန်း ၅၀ အောက် တန်ဖိုးနည်းအိမ်ရာအခန်း သုံးသိန်းကို တော်ဝင်ဆောက်လုပ်ရေးက အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းထဲတွင် ၀င်ငွေနည်း အခြေခံလူတန်းစားများ လက်လှမ်းမီနိုင်သည့် အိမ်ရာဈေးနှုန်းနှင့် အိမ်ရာမရှိသည့်အတွက် အရစ်ကျစနစ်နှင့် ကျပ်သိန်း ၅၀ အောက် တန်ဖိုးနည်းအခန်းပေါင်း သုံးသိန်း ကို အကောင်အထည်ဖော်ဆောင်ရန် စီစဉ်နေခြင်းဖြစ်ပြီး မြေနေရာအတွက် အစိုးရ၏ အကူအညီ လိုအပ်ကြောင်း တော်ဝင်မိသားစု ကုမ္ပဏီဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောသည်။

“မိသားစုတစ်စုကို တစ်ခန်းရောင်းရင် သူတို့အများကြီးဝယ်လို့မရတော့ဘူး။ အဲဒါဆိုရင် သူတို့လက်ထဲရောက်သွားမယ်။ ဒါလည်း လျှောက်လွှာတင်စရာမလိုဘူး အခုဝယ်အခုရမယ်။ ဒါပေမဲ့ ဘဏ်ချေးငွေကို နိုင် ငံတော်က စီစဉ်ပေးရမှာ။ ဒါပေမဲ့ သူတို့ကို ၁၃ ကျပ်နှုန်းနဲ့ တွက်ရင် ၇ နှစ်လောက်ဆိုရင် ၄၅ သိန်းက သိန်း ၁၅၀ လောက်ဖြစ်သွားတော့ အဆင်မပြေဘူး” ဟု ဦးကိုကိုထွေးက ပြောသည်။ တော်ဝင်ဆောက် လုပ်ရေးက အကောင်အထည်ဖော်ဆောက်လုပ်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ယခင်အစိုးရလက်ထက်တွင် စတင်ရန်စီစဉ်ခဲ့သော်လည်း အစိုးရကပါဝင်ပံ့ပိုးမှုမရှိခဲ့သောကြောင့် စီမံကိန်း ပျက်သွားခဲ့ရကြောင်း လည်း ပြောသည်။


Credit To >>> Yangon Media Group

0 comments:

Post a Comment