Friday, July 22, 2016

လူ ၆၀ ခန့်ထံမှ ငွေလိမ်လည်ခဲ့သည့် ကုမ္ပဏီကို ဟိုတယ်ခရီးဝန်ကြီးဌာန တရားစွဲဆိုမည်

လူမှုကွန်ရက်တွင် ပျံ့နှံ့ ခဲ့သည့် ခရီးသွား ၆၀ ခန့်ထံမှ ငွေကြေးလိမ်လည်မှု ပြုလုပ်ခဲ့သော စမ်းချောင်းမြို့နယ်ရှိ ခရီးသွား ကုမ္ပဏီတစ်ခုကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက တ ရားစွဲဆိုမည်ဖြစ်ပြီး ယင်းကုမ္ပဏီ သည် ပြည်ပခရီးသွားလုပ်ငန်းလုပ်ကိုင်ခွင့်မရှိသော ကုမ္ပဏီဖြစ်ကြောင်း သတင်းရရှိသည်။
‘‘သူတို့က Inbound Tour (ပြည်တွင်းခရီးသွားလုပ်ငန်း) ပဲ လိုင်စင်ရထားတာ။ Outbound (ပြည်ပ)အတွက် လိုင်စင်မရထား ဘူး။ ဝန်ကြီးဌာနက လိုင်စင်ရုပ် သိမ်းမယ်။ ကုမ္ပဏီကို တရားစွဲ မယ်’’ဟု အဆိုပါဝန်ကြီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။
ထို့ကြောင့် ငွေကြေးအလိမ် ခံရသူများကလည်း တင်ပြရန်လို အပ်ကြောင်းနှင့် ပြည်ပခရီးသွား မည့်သူများအနေဖြင့် မိမိတို့အပ်နှံ မည့် ကုမ္ပဏီအား လုပ်ငန်းလိုင် စင် ရှိ၊ မရှိ စစ်ဆေးသင့်ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။ အကယ်၍ သံသယရှိပါက ဝန်ကြီးဌာနသို့ ဆက်သွယ်သင့် ကြောင်း ၎င်းကဆိုသည်။
အဆိုပါကုမ္ပဏီသည် ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဌာနတွင် ၂၀၁၄ ဇွန်လ၌ ခွင့်ပြုလိုင်စင်ယူထားသည့် ကုမ္ပဏီဖြစ်ပြီး ထိုသို့ ကုမ္ပဏီများ ရာဇဝတ်မှုကျူးလွန်လျှင် ဌာနက တိုက်ရိုက်အရေးယူ၍မရဘဲ ပြစ်မှုဆိုင်ရာ ဥပဒေအရသာ အရေးယူနိုင်ကြောင်း အဆိုပါဌာန ညွှန်ကြား ရေးမှူးကပြောသည်။
‘‘ဌာနက ကုမ္ပဏီဥပဒေအရ အရေးယူတာပဲရှိတယ်။ ရာဇဝတ် မှုအတွက်က သက်ဆိုင်ရာဥပဒေ နဲ့ အမှုဖွင့်ရမယ်။ တကယ်ကျူး လွန်လို့ ကုမ္ပဏီကို ဖျက်သိမ်းပေး ပါဆိုရင် မှတ်ပုံတင်ဖျက်ပေးရပါ တယ်’’ဟု ၎င်းက ဆက်လက်ပြော ကြားသည်။
Tourbox Travel အမည်ဖြင့် ကုမ္ပဏီက ပြည်ပနိုင်ငံများသို့ ခရီးသည် ပို့ဆောင်ပေးနေသည်ဆိုကာ လူမှုကွန်ရက်စာမျက်နှာ တွင် ကြော်ငြာပြီး ဇူလိုင်ပထမ ပတ်၌ ခရီးသည်များထံမှ ဝန် ဆောင်ခငွေကြေးများ ကြိုတင် ကောက်ခံခဲ့ပြီးနောက် လိမ်လည် တိမ်းရှောင်သွားသဖြင့် လိမ်လည် ခံရသူ ခရီးသည်အချို့က ဇူလိုင် ၁၇ ရက်မှစ၍ စမ်းချောင်းမြို့နယ် ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခြင်း ဖြစ်သည်။
 အဆိုပါကုမ္ပဏီမှာ စုစု ပေါင်း ခရီးသည် ၆၀ ဦးခန့်ထံမှ တစ်ဦးလျှင် အနည်းဆုံး ဒေါ်လာ ၅၀၀ မှ ဒေါ်လာ ၂,၀၀၀ အထိ ခရီးစဉ်အတွက် ကောက်ခံခဲ့ပြီး ဇူလိုင်တတိယပတ်၌ ဆက်သွယ်မရခြင်းကြောင့် လိမ်လည်သည် ဟုယူဆကာ ရဲစခန်းတွင် အမှု လာရောက်ဖွင့်ခဲ့ခြင်းဖြစ်ကြောင်း စမ်းချောင်းမြို့နယ်ရဲစခန်းက ဆို သည်။
Tourbox ခရီးသွားလုပ်ငန်း သည် မြန်မာနိုင်ငံခရီးသွားလုပ် ငန်းရှင်များအသင်း၏ အသင်းဝင် ဖြစ်ပြီး ယခုအခါ တိုင်ကြားမှုများ ရှိနေ၍ Tourbox ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကို ဇူလိုင် ၂၇ ရက် နောက်ဆုံးထား လာရောက်ဖြေရှင်းပေးရန် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက အ ကြောင်းကြားထားသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment