Thursday, July 28, 2016

သီလဝါအများပိုင်ကုမ္ပဏီရှယ်ယာဈေး နှစ်လကျော်အတွင်း အနိမ့်ဆုံးဈေးနှုန်းသို့ ကျဆင်း

ရန်ကုန်စတော့အိတ် ချိန်းတွင် သီလဝါအထူးစီးပွားဇုန် အများပိုင် ကုမ္ပဏီ၏ ရှယ်ယာ တန်ဖိုး ၆ ရာခိုင်နှုန်းခန့် ပြန်လည် ကျဆင်းပြီး ရှယ်ယာတန်ဖိုး အနိမ့်ဆုံးပေါက်ဈေး ဖြစ်လာကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂၆ ရက်တွင် ရှယ် ယာတစ်စုလျှင် ကျပ် ၅၁,၀၀၀ အထိ ဈေးတက်ပြီးနောက် ဇူလိုင်၂၇ ရက်တွင် ၄၈,၀၀၀ ကျပ်သို့ ပြန်လည်ကျဆင်းလာပြီး ရန်ကုန်စတော့အိတ်ချိန်း၌ယင်းကုမ္ပဏီ စတင် ဝင်ရောက်ချိန်မှ နှစ်လ ကျော်အတွင်း အနိမ့်ဆုံး ဈေးနှုန်း ဖြစ်ခဲ့သည်။
ဇူလိုင်အတွင်း ရှယ်ယာ အရောင်းအဝယ် အနည်းငယ်သာ ရှိသော်လည်း ဇူလိုင် ၂၆ ရက် တွင် အစုရှယ်ယာ ၁၁,၀၀၀  ကျော်အထိ အရောင်းအဝယ်ဖြစ် ခဲ့သည်။
 ဇူလိုင် ၂၇ ရက်တွင် ရှယ် ယာရောင်းအား ပြန်လည်ကျဆင်းပြီး အစုရှယ်ယာ ၃,၀၀၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်။ သီ လဝါအထူးစီးပွားရေးဇုန် အများ ပိုင်ကုမ္ပဏီသည် ရန်ကုန်စတော့ အိတ်ချိန်းတွင် ဝင်ရောက်ချိန်၌ ဝယ်လိုအားများခဲ့သည့် ကုမ္ပဏီ ဖြစ်သည်။
ယင်းကုမ္ပဏီ၏ ရှယ်ယာ အမြတ်ရရှိမှုအတွက် ဇူလိုင် ၂၆ ရက် နောက်ဆုံးထား အရောင်းအဝယ်လုပ်ရမည်ဖြစ်ပြီး ၂၉ ရက်၌ အမြတ်ရရှိသည့် ရှယ်ယာရှင် များကို အတည်ပြုမည်ဟု ကုမ္ပဏီက ဆိုထားသည်။
အဆိုပါကုမ္ပဏီ စတင်တည် ထောင်ရန် အစုရှယ်ယာ တစ်စုလျှင် ကျပ် ၁၀,၀၀၀ ဖြင့် ရောင်းချပြီး ရန်ကုန်စတော့ အိတ်ချိန်းသို့ မဝင်ရောက်မီ ရှယ်ယာပြင်ပပေါက်ဈေးမှာ ကျပ် ၅၀,၀၀၀ ကျော် ဈေးပေါက်ခဲ့သည်ဟု ရှယ်ယာပိုင်ရှင်အချို့ထံမှ သိရသည်။
‘‘အမြတ်ဝေစုရမယ်ဆိုလို့ တက်သွားတာပါ။ ဒီနေ့တော့ ပုံ မှန်ပြန်ဖြစ်သွားတဲ့ သဘောပါ။ ကုမ္ပဏီနှစ်ခုတည်းဆိုတော့ လူ တွေက စိတ်ဝင်စားမှုနည်းလာကြ တာပါ’’ဟု ရန်ကုန်စတော့အိတ် ချိန်းတွင် ရှယ်ယာဝယ်ယူထား သည့် အမျိုးသမီးက ပြောသည်။
ရန်ကုန်စတော့ အိတ်ချိန်း သည် ၂၀၁၆ မတ်လတွင် စတင် လည်ပတ်ခဲ့ပြီး လက်ရှိအချိန်၌ကုမ္ပဏီနှစ်ခုဖြင့်သာ လည်ပတ် နေသည်။
တတိယမြောက် ကုမ္ပဏီဖြစ်သည့် မြန်မာနိုင်ငံသားများ ဘဏ်သည်လည်း ရန်ကုန်စတော့ အိတ်ချိန်း၏ စစ်ဆေးမှုခံယူနေ ဆဲဖြစ်သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment