Tuesday, April 26, 2016

ပါကစ္စတန်နိုင်ငံတွင် အဆိပ်ရှိ သကြားလုံးစားပြီးနောက် လူ ၂၃ ဦးသေဆုံး


ပိုးသတ်ဆေးများ ပါဝင်သည်ဟု ရဲများက ယူဆထားသော သကြားလုံးများ 
စားသုံးပြီးနောက် ပါကစ္စတန်နိုင်ငံ အလယ်ပိုင်း၊ ပန်ဂျပ်ပြည်နယ်ရှိ လူ ၂၃ ဦးသေဆုံးပြီး ဒါဇင်ပေါင်းများစွာ နေကောင်း ဖြစ်ခဲ့ကြကြောင်း အရာရှိများက တနင်္လာနေ့တွင် ပြောသည်။

ဒေသရဲအရာရှိ မူနီအာ အာမတ်က “သကြားလုံး စားသုံးမှုကြောင့် သေဆုံးသူ အရေအတွက်သည် ၂၃ ဦးအထိမြင့်တက်လာပြီး ၅၁ ဦးမှာ သက်ဆိုင်ရာ ဆေးရုံများသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူလျှက်ရှိကြောင်း” ပြောကြားသည်။ သေဆုံးသူများထဲတွင် ကလေးအဖေတစ်ဦးနှင့် ဦးလေး ၇ ဦးပါဝင်သည်ဟုဆိုသည်။ အဆိုပါ ခရိုင်မှ အကြီးတန်းရဲအရာရှိ ရာမက် ဘူခါရီက ယင်းဖြစ်ရပ်တွင် ပါဝင်သည့် မုန့်ဖုတ်ဆိုင်တစ်ခုဖွင့်လှစ်ထားသော ညီအစ်ကိုနှစ်ဦးနှင့် အလုပ်သမားတစ်ဦးကို ဖမ်းဆီးထားပြီ ဖြစ်ကြောင်း၊ မုန့်ဖုတ်သမားသည် အချိုဓါတ်ပေါင်းမှုန့် အထုပ်ငယ်တစ်ထုပ်ကို အသုံးပြုနိုင်ချေရှိကြောင်း ပြောကြားသည်။ သို့သော် ရဲများက ဓါတ်ခွဲခန်းစမ်းသပ်မှု ရလာဒ်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
Credit To >>> Democracy Today

0 comments:

Post a Comment