Thursday, July 28, 2016

ဂျပန် နိုင်စီးပွားရေးနှေးကွေးလာမှုဖြေရှင်းတော့မယ်လို့ ဂျပန်အစိုးရပြော


နိုင်ငံမှာ နှေးကွေးယိမ်းယိုင်နေတဲ့ စီးပွားရေးကို တွန်းအားပေးမြှင့်တင်နိုင်ဖို့အတွက် ကန်ဒေါ်လာ ၂၆၆ ဘီလီယံ (ယန်းငွေ ၂၈ ထရီလီယံ) ပမာဏရှိတဲ့ ငွေကြေးတစ်ရပ်ကို စိုက်ထူသုံးစွဲသုံးစွဲသွားမယ်ဆိုပြီးဇူလိုင်လ ၂၇ ရက်က ဂျပန်အစိုးရက ထုတ်ဖော်ကြေညာသွားခဲ့ပါတယ်။
နိုင်ငံအနောက်တောင်ပိုင်းဒေသက အခမ်းအနားတစ်ခုမှာ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ခုလို ငွေပမာဏနဲ့ပတ်သက်လို့ ပြောကြားသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ယင်း ငွေကြေးပမာဏရဲ့ သုံးစွဲမယ့်အသေးစိတ်အစီအစဉ်တွေနဲ့ပတ်သက်လို့ လာမယ့်သီတင်းပတ်အတွင်း အစိုးရအဖွဲ့ဝန်ကြီးအစည်းအဝေးကျမှာပဲ ထုတ်ဖော်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

လက်ရှိအချိန်မှာဆိုရင် နိုင်ငံရဲ့ငွေကြေး မူဝါဒဆိုင်ရာ နှစ်ရက်တာအစည်းအဝေးတစ်ရပ်ကိုလည်း ကျင်းပဖို့ရှိနေပြီးတော့အဲဒီအစည်းအဝေးနောက်ပိုင်းမှာ ဗဟိုဘဏ်က နောက်ထပ် ငွေကြေးမူဝါဒဖြေလျော့မှုတွေ
ထပ်လုပ်လာလိမ့်မယ်ဆိုပြီး ကောလာဟလတွေ ထွက်ပေါ်နေလျက်ရှိပါတယ်။

တစ်ချိန်တည်းမှာပဲ ပြည်တွင်း ၀ယ်လိုအားကို တိုးမြင့်နိုင်ဖို့ ရည်ရွယ်တဲ့ ယခုအစီအစဉ် တစ်စိတ်တစ်စိတ်ဒေသအနေနဲ့ နိုင်ငံမှာ အနိမ့်ဆုံးလုပ်ခလစာနှုန်းထားကိုလည်း ၃ ရာခိုင်နှုန်းထိ တိုးမြင့်သွားတော့မယ်ဆိုပြီး ဂျပန်အစိုးရက ဇူလိုင် ၂၇ ရက်မှာပဲ ကြေညာသွားခဲ့ပါသေးတယ်။ စားသုံးသူ သုံးစွဲမှုကို တွန်းအားပေးနိုင်ဖို့အတွက် ယခုလိုမျိုး အနိမ့်ဆုံးလုပ်ခလစာနှုန်းထားကို တိုးမြင့်ဖို့ လုပ်ဆောင်ရတာဖြစ်တယ်လို့ သိရပါတယ်။

" အနိမ့်ဆုံးလုပ်ခလစာကို တိုးမြင့်ပေးလိုက်ခြင်းအားဖြင့် စားသုံးသူသုံးစွဲနှုန်းပမာဏကို မြင့်တင်ပေးနိုင်ပါလိမ့်မယ်၊ အဲဒီကနေတဆင့် နိုင်ငံဟာ စီးပွားရေးတိုးတက်မှု စက်ဝန်းထဲကို ပြန်ရောက်သွားနိုင်မှာပဲဖြစ်ပါတယ်" လို့ အစိုးရအဖွဲ့ အတွင်းရေးမှူး Yoshihide Suga က ပြောသွားပါတယ်။


Credit To >>>SFJ Strategy First Journal

0 comments:

Post a Comment