Thursday, July 28, 2016

ပြည်ပကနေကုန်ကြမ်းတင်သွင်းပြီး အချောထည်ပြန်လည်တင်ပို့တဲ့စနစ်လုပ်ကိုင်ဖို့ ရေထွက်လုပ်ငန်းရှင်တွေစီစဉ်နေ

နိုင်ငံခြားကနေ တင်သွင်းလာတဲ့ကုန်ကြမ်းတွေကို အချောထည်အဖြစ်ပြုပြင်ကာ ပြည်ပဈေးကွက်တွေကို ပြန်လည်ထိုးဖာက်နိုင် တဲ့ Re-exportစနစ်လုပ်ကိုင်ဖို့ လိုအပ်နေပြီလို့ မြန်မာနိုင်ငံရေထွက်ပို့ကုန်လုပ်ငန်းရှင်းများ
အသင်းကပြောပါတယ်။

ပြည်တွင်းရေထွက်ကုန်ကြမ်းပစ္စည်း ပိုမိုရှားပါလာတာကြောင့် တစ်နှစ်ပတ်လုံးကုန်ကြမ်းရရှိရေးခက်ခဲလာပြီး နိုင်ငံခြားဈေးကွက် တွေကိုလည်း အချောထည်ပုံမှန်တင်ပို့ရောင်းချဖို့ ခက်ခဲလာတာကြောင့် ပတ်ဝန်းကျင်နိုင်ငံတွေကနေ ကုန်ကြမ်းပြန်လည်တင် သွင်းဖို့လိုနေတာပါလို့ အသင်းအတွင်းရေးမှုးဦးမျိုးညွှန့်ကပြောပါတယ်။
“ နိုင်ငံ့အအေးခန်းစက်ရုံတွေက ကုန်ကြမ်းအခက်အခဲရှိတော့ တစ်နေ့မှ၈ နာရီလောက်ပဲ လည်ပတ်နိုင်တော့ ထုတ်လုပ်မှုကအား နည်းနေတယ်၊အခြားနိုင်ငံတွေမှာဆိုရင် ၂၄ နာရီလည်ပတ်နေကြတာ၊ ဒါကိုဖြေရှင်းဖို့ကတော့ ကုန်ကြမ်းပြန်သွင်းဖို့လိုနေတာပါ” လို့သူကပြောပါတယ်။
လက်ရှိနိုင်ငံတွင်း အအေးခန်းစက်ရုံပေါင်း ၁၃၀ ၀န်ကျင်အထိရှိသော်လည်း လုပ်ငန်းအများစုက ကုန်ကြမ်းအခက်အခဲကြောင့် ရပ် နားနေရတယ်လို့လည်း ယင်းအသင်းတာဝန်ရှိသူတွေထံက သိရပါတယ်။
အဆိုပါစနစ်ကို အစိုးရကတာမြစ်ထားခြင်းမရှိသော်လည်း တစ်ခါမှမလုပ်ကိုင်ဖူးတာကြောင့် လက်ရှိမှာဌာနဆိုင်ရာတွေနဲ့ ညှိုနှိုင်း လုပ်ဆောင်နေတယ်လို့ ငါးလုပ်ငန်းအဖွဲ့ချုပ်တာဝန်ရှိသူတွေကပြောပါတယ်။
နိုင်ငံရေးပြောင်းလဲမှုတွေကြောင့် မြန်မာရေထွက်ကုန်တွေဝယ်ယူနေတဲ့ အီးယူဈေးကွက်မှ အထူးအခွန်ကင်းလွတ်ခွင့်များပေးအပ် ထားတာကြောင့်ဒီအခွင့်အရေးအသုံးချနိုင်ဖို့ မြန်မာနိုင်ငံရဲ့ရေထွက်ပို့ကုန်များ ပိုမိုတင့်နိုင်ဖို့ ကြိုးစားလုပ်ဆောင်ရမှာဖြစ် တယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တာဝန်ရှိသူတွေကပြောဆိုပါတယ်။
Credit To >>>SFJ Strategy First Journal 

0 comments:

Post a Comment