Monday, January 18, 2016

ရိုးမ-ရန်ကုန် မာရသွန်ပြိုင်ပွဲဝင် ဂျပန်နိုင်ငံသားတစ်ဦး ယာဉ်တိုက်ခံရ

 စတုတ္ထအကြိမ် ကျင်းပ ခဲ့သည့် ရိုးမ-ရန်ကုန်အပြည်ပြည် ဆိုင်ရာ မာရသွန်ပြိုင်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ခဲ့သော ဂျပန်နိုင်ငံသားတစ်ဦး ယာဉ်တိုက်ခံရ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် တက်ရောက်ကုသ နေကြောင်း ကမာရွတ်မြို့မ ရဲစခန်းမှ ရဲမှူးဇော်ဝင်းက ပြော သည်။


ဇန်နဝါရီ ၁၇ ရက်တွင် ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲ၌ ၄၂ ကီလိုမီတာပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်သူ ဂျပန်နိုင်ငံသား Mr. SAHARA မာရသွန်အပြေးသမား ကျောနံပါတ်(၄၂၀၀)သည် ကမာ ရွတ်မြို့နယ် ဗဟိုလမ်း (အောင် ကောင်းစံ) လက်ဖက်ရည်ဆိုင်ရှေ့တွင် ဟိုက်ဂျက်ယာဉ်ဖြင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။
 ‘‘လှိုင်မြို့နယ်ဘက်ကို မောင်းလာတဲ့ အဖြူရောင်ဟိုက် ဂျက်က နောက်ကနေ ဝင်တိုက် တာပါ။ ခေါင်းနဲ့ တံတောင်တို့မှာ နာကျင်ဒဏ်ရာတချို့ ရရှိခဲ့ပေ မယ့် စိုးရိမ်စရာမရှိပါဘူး။ အပြေး သမားတွေနောက်မှာလည်း ဆေး ရုံကားတွေပါတော့ ဖြစ်ဖြစ်ချင်း ဆေးရုံကို ချက်ချင်းမောင်းပို့နိုင်ခဲ့ ပါတယ်’’ဟု ကမာရွတ်မြို့နယ် ယာဉ်ထိန်းရဲစခန်းမှ ယာဉ်ထိန်းရဲ အရာရှိ ဒုရဲမှူးအောင်ကြီးက ပြောသည်။
ယာဉ်တိုက်ခံရသော ဂျပန် နိုင်ငံသားသည် မြန်မာနိုင်ငံသို့လာ ရောက်လည်ပတ်စဉ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး သင်္ဃန်း ကျွန်းမြို့နယ်တွင် ဖွင့်လှစ်ထား သည့် 8Day Hotel ၌ တည်းခို နေထိုင်သူဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
ပြစ်မှုကျူးလွန်သူ အင်ပါ ယာ ကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်း မောင်ဇင် အသက်(၂၁)နှစ်အား ယာဉ်စည်းကမ်းဥပဒေအတိုင်း အမှုဖွင့် ဆောင်ရွက် ထားကြောင်း ကမာရွတ်မြို့မရဲစ ခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။
စတုတ္ထအကြိမ် ကျင်းပခဲ့ သည့် ရိုးမ-ရန်ကုန်အပြည်ပြည် ဆိုင်ရာ မာရသွန်ပြိုင်ပွဲတွင် ကီလို မီတာအမျိုးအစား သုံးမျိုးဖြင့် ကျင်းပခဲ့ပြီး ၃ ကီလိုမီတာ၊ ၁၀ ကီလိုမီတာနှင့် ၄၂ ကီလိုမီတာ အပြေးပြိုင်ပွဲများ ကျင်းပခဲ့ပြီး စုစုပေါင်း ၆,၀၂၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

Credit To >>> 7 Day News journal

0 comments:

Post a Comment