Wednesday, July 27, 2016

စင်ကာပူရဲ့ အထင်ကရ Marina Bay Sands ၀င်ငွေရရှိမှု ကျဆင်း


စင်ကာပူရဲ့ အထင်ကရ အပန်းဖြေအဆောက်အအုံကြီးဖြစ်တဲ့ Marina Bay Sands (MBS) ဟာ ယခုနှစ် ဒုတိယသုံးလပတ်ကာလမှာ ယင်းရဲ့ အသားတင်ဝင်ငွေ ရရှိမှုပိုင်းမှာ ကျဆင်းမှုတွေ ဖြစ်ပေါ်လာနေတယ်ဆိုပြီးမိခင် ကုမ္ပဏီဖြစ်တဲ့ LasVegas Sands က ဇူလိုင်လ ၂၆ ရက်မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်
ဇွန်လ ၃၀ ရက်မှာ ကုန်ဆုံးခဲ့တဲ့ သုံးလတာကာလအတွင်းမှာတော့ MBS ဟာ အသားတင် ၀င်ငွေရရှိမှု ကန်ဒေါ်လာ ၇၁၀ ဒသမ ၁ သန်း (စင်ကာပူဒေါ်လာ ၉၆၄ ဒသမ ၉ သန်း) ရရှိခဲ့ပြီးတော့ ယခင်နှစ် အလားတူ ကာလက ရရှိခဲ့တဲ့ ဒေါ်လာ ၇၁၃ သန်းထက် ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ လုပ်ငန်းလည်ပတ်စွမ်းဆောင်မှုနှုန်းကို အဓိကတိုင်းတာတွက်ချက်တဲ့ ပြုပြင်တွက်ချက်ပြီး EBITDA (အတိုးနှုန်း၊ အခွန်၊ ငွေတန်ဖိုးလျော့ကျခြင်းနှင့် အရစ်ကျပြန်ဆပ်ခြင်းတို့ နှုတ်ယူမှုမတိုင်ခင် ရရှိငွေ) တန်ဖိုးပိုင်းမှာတော့ ယမန်နှစ် အလားတူ ဒုတိယသုံးလပတ်က ကန်ဒေါ်လာ ၃၆၃ ဒသမ ၃ သန်းထက် ယခုနှစ်မှာတော့ ဒေါ်လာ ၃၅၇ သန်းနဲ့ ၁၇ ရာခိုင်နှုန်းကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း MBS ရဲ့ ယခု ဒုတိယသုံးလပတ် စွမ်းဆောင်ရည်ကပုံသေတည်ငြိမ်နေတဲ့ အနေအထားမှာသာရှိနေတယ်ဆိုပြီး Las Vegas Sands က ပြောပါတယ်။

စင်ကာပူ နိုင်ငံမှာ ရှိတဲ့ MBS ဟာဆိုရင် ယခုအချိန်ထိ ဒေသတွင်းက လာရောက်လည်ပတ်သူ ဧည့်သည်တွေကို ဆွဲဆောင်ထားနိုင်ဆဲဖြစ်တယ်လို့ယင်းကုမ္ပဏီက ဆိုပါတယ်။ MBS ဟာ ဆိုရင် ယင်းရဲ့ အစားအစာနဲ့အဖျော်ယမကာ တည်ခင်းရောင်းချရမှု၊ အခန်းနဲ့ လက်လီပစ္စည်းရောင်းချရမှုပိုင်း စတဲ့အခြား လုပ်ငန်းတွေမှာလဲ ပုံမှန် တိုးတက်နေလျက်ရှိတယ်လို့ သိရပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment