Monday, July 18, 2016

Best Bank in Myanmar 2016 ဆု မြန်မာနိုင်ငံ ကမ္ဘောဇဘဏ်လီမိတက်မှ တတိယအကြိမ်မြောက် (၃)နှစ်ဆက်ရရှိ


အင်္ဂလန်နိုင်ငံ လန်ဒန်အခြေစိုက် Euromoney အဖွဲ့ အစည်းမှ ၂ဝ၁၆ ခုနှစ်အတွက် အာရှဒေသဆိုင်ရာ နိုင်ငံ အလိုက် စွမ်းဆောင်ရည်အကောင်းဆုံးဘဏ်ဆု (Euromoney Awards for Excellence-2016) ချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၄ ရက်တွင် ဟောင်ကောင်Island Shangri-La Hotel၌ ကျင်းပရာ မြန်မာနိုင်ငံ ကမ္ဘောဇဘဏ်လီမိတက်မှBest Bank in Myanmar 2016 ဆုကို တတိယအကြိမ်မြောက် သုံးနှစ်ဆက် ရရှိခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ ကမ္ဘောဇဘဏ်မှ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်နှင့် အကြီးတန်း အရာရှိကြီးများ၊ အာရှဒေသတွင်းရှိ နိုင်ငံ ၂၅ နိုင်ငံ၏ ကိုယ်စားပြုဘဏ်ပေါင်း ၄၈ ခုမှ ဘဏ်ဥက္ကဋ္ဌများ၊ CEO များ၊ အုပ်ချုပ်မှုဒါရိုက်တာများနှင့် အဆင့်မြင့်အရာရှိ ကြီး ၁၈ဝ ကျော် တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအတွက် အကောင်းဆုံးဘဏ်ဆု (Best Bank in Myanmar 2016 ဆု)ကို ကမ္ဘောဇဘဏ်လီမိတက်မှ အထွေထွေ မန်နေဂျာများဖြစ်ကြသော ဒေါ်ခင်နှင်းယုနှင့် ဒေါ်ဝင်းဝင်း ထိုက်တို့က လက်ခံရယူခဲ့သည်။

Euromoney အဖွဲ့အစည်းကြီးသည် ဘဏ်လုပ်ငန်း နှင့် စီးပွားရေးဆိုင်ရာလုပ်ငန်းများတွင် သြဇာကြီးမား သော လန်ဒန်အခြေစိုက်အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာတစ်ဝန်း ရှိ နိုင်ငံတကာဘဏ်လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းများကို အမြဲစောင့်ကြည့် သုံးသပ်အကဲဖြတ်နေသော အဖွဲ့ အစည်းဖြစ်သည်။ ယင်းအဖွဲ့အစည်းမှ ကမ္ဘာတစ်ဝန်းရှိ ဘဏ်လုပ်ငန်းများ၏ လုပ်ငန်းတိုးတက်ဆောင်ရွက်နိုင်မှုအပေါ်အခြေခံ၍ နိုင်ငံအလိုက် အကောင်းဆုံးဘဏ်ဆု များကို နှစ်စဉ်ရွေးချယ်ချီးမြှင့်ပေးလျက်ရှိသည်။

နိုင်ငံတကာ ဘဏ်များနှင့်ချိတ်ဆက်၍ နိုင်ငံခြား ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ အကောင်းဆုံး ဆောင်ရွက်ပေးနိုင်ခြင်း၊e-commerce နှင့် online ငွေပေးချေမှုများအတွက် မြန်မာနိုင်ငံတွင် ပထမဆုံး Electronic Payment Gateway ဝန်ဆောင်မှုကို စတင်နိုင်ခဲ့ကာ Mobile Banking, Internet Banking၊ Quick Pay ဝန်ဆောင်မှုများ၊ နိုင်ငံတစ်ဝန်းလုံးATM စက်အများဆုံး ဖြန့်ကြက်ထားပြီးDebit Card များ၊ ပြည်တွင်း၊ ပြည်ပ သုံး Prepaid Card များ၊ Credit Card များဖြင့် ဝန်ဆောင်မှုပေးနိုင်ခြင်းအပါအဝင် နှစ်စဉ် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန် အများဆုံး သယ်ပိုးထမ်းဆောင်နိုင်ခြင်းနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်း များအတွက် အများဆုံးပံ့ပိုးလှူဒါန်းခြင်းစသည်တို့ ကြောင့် ဤဆုကို ချီးမြှင့်ခြင်းဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်လီမိတက်သည် မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် နိုင်ငံတကာဘဏ်ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ခွင့်လိုင်စင် ရရှိထားပြီး နိုင်ငံတော်အတွက် ၂ဝ၁၁-၁၂ မှ ၂ဝ၁၄-၁၅ ထိ ပထမနေရာမှ လေးနှစ်ဆက် ဝင်ငွေခွန်အများဆုံး ပေးဆောင်ထားသည်။ ကမ္ဘောဇအနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း (BFM) သည် ၂ဝဝ၇ ခုနှစ်မှ ယနေ့ အထိ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်အတွင်း ကျရောက်ခဲ့သော သဘာဝဘေးအန္တရာယ်များ ကာကွယ် တားဆီးရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ငွေကျပ် ၁ဝ၃ ဘီလီယံကျော် လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ 

Credit To >>> The Mirror Daily

0 comments:

Post a Comment