Monday, July 18, 2016

မိုးကုတ်မြို့နယ်အတွင်းရှိ ကျေးရွာ (၁၁) ရွာတွင် မဟာဓါတ်အားလိုင်းသွယ်တန်းရေး ယခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်မည်


မိုးကုတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးနှင့် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ၊ ကျေးလက်ဒေသများရှိ ကုန်ထုတ်လုပ်ငန်းများ၊ အရောင်းအဝယ်လုပ်ငန်းများ
၊ ရေးဦးရေးထွက်များမှ ရေပိုက်သွယ်တန်းခြင်း၊ ရေစုကန်တည်ဆောက်ခြင်းနှင့် ရေးပေးဝေရေး လုပ်ငန်းများ၊ ကျေးလက်ဒေသလမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်မီးလင်းရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်အတွင်း ကျေးရွာ (၁၁) တွင်ကျေးလက်မီးလင်းရေးမဟာ ဓါတ်အားလိုင်းသွယ်တန်းဆောင်ရွက်သွားမည်ဖြစ်သည်။
မိုးကုတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်သိန်းနှင့် ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ မဟာဓါတ်အားလိုင်းသွယ်တန်းမည့်ကျေးရွာများမှ ကျေးရွာ မီးလင်းရေးကော်မတီဝင်များနှင့် ပူးပေါင်း၍ ဓါတ်အားလိုင်းတိုင် စိုက်ထူးမည့်နေရာများနှင့် သွယ်တန်းမည့်လမ်းကြောင်းများအား ကွင်းဆင်းကြည့်ရှုကာ မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးဌာနနှင့်ဆက်သွယ်ဆောင်ရွက်လျက်ရှိသည်။

မိုးကုတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်အတွင်း မဟာဓါတ်အားလိုင်းနှင့် ဝေးလံသော ကျေးရွာများတွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးများတပ်ဆင်ပေးလျက်ရှိပြီးယခုနှစ်အတွင်း မြို့နယ်အတွင်းရှိ အထက်ညောင်ကုန်း၊ အောက်ညောင်ကုန်း၊ ရေထွက်ကြီး၊ ဘာဂါး၊ ဂွေ့ကြီး၊ သစ်စိမ့်ကုန်း၊ အထက်ကျောက်ကြမ်း၊ ရေအေး၊ ကျောက်ဖြာ၊ ဂွေးပင်၊ စခန်းကြီးစသည့် ကျေးရွာ (၁၁) ရွာတွင် မဟာဓါတ်အားလိုင်းများ သွယ်တန်းကာ ကျေးလက်မီးလင်းရေးအား အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment