Tuesday, June 14, 2016

ချင်းပြည်နယ် ပလက်ဝမြို့တွင် GSM ဖုန်းအသုံးပြုနိုင်ပြီ

ဆက်သွယ်ရေး ခက်ခဲသည့် ပလက်ဝမြို့တွင် GSM ဖုန်းလိုင်းများစတင်အသုံးပြုနိုင်ပြီဖြစ် ကြောင်း ဒေသခံများ ထံမှ သိရသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက် ၀မြို့နယ်သည်ဆက် သွယ်ရေး ခက်ခဲ သောဒေသဖြစ်သောကြောင့် ပထမ ဆုံး GSM စခန်းတစ်ခုကို ပလက်ဝ မြို့ပေါ်တွင်တပ်ဆင်ခြင်းမှာ ခန့်မှန်း ချိန်ထက်ဆောလျင် စွာပြီးစီးခဲ့သဖြင့် ဇွန် ၉ ရက်ကစတင်စမ်းသပ် အသုံး ပြုခဲ့ရာ အဆင်ပြေ သည့်အတွက် GSM ဖုန်းလိုင်းများကို ပလက်ဝမြို့ပေါ် နှင့် အနီးတစ်ဝိုက်တွင် ဇွန် ၁၂ ရက် မှစတင်ကာ အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။
"အစတုန်းကတော့ လကုန် လောက်မှရမယ်လို့သိထားတာ။ ခု တော့ GSM ဖုန်းလိုင်းပြောလို့ရ နေပြီ။ မြို့ပေါ်ကတော့လိုင်းပိုမိ တာပေါ့။ မြို့နဲ့အနီး တစ်ဝိုက်မှာမိ တယ်။ ဘာပဲဖြစ်ဖြစ် အခုလို GSM ဖုန်းလိုင်း စသုံးလို့ရတာ ကျွန်တော်တို့ ဒေသခံတွေအတွက် အရမ်းကိုအ ဆင်ပြေပါတယ် ။ နောက် ထပ်လည်း မြို့နဲ့မိုင် ၃၀ လောက်ဝေးတဲ့နေ ရာတွေမှာလဲ GSM ဖုန်းလိုင်းရစေ ချင်တယ်။ အဲ့ဒီနေရာတွေမှာ အဓိ ကဆိုးဆိုးရွား ရွားဖြစ်နေ တာ ။ အား လုံးခက်ခဲတယ်။ ဘာဖြစ်လို့လဲဆို တာ တောင်ချက် ချင်းမသိရတော့ အချိန် လွန်မှသိရတယ်" ဟု ပလက်ဝမြို့ နယ် လူမှုကူညီရေးအသင်းအတွင်းရေးမှူး ဦးစတီဗင်က ဆိုသည်။
ဆက်သွယ်ရေးအခက်အခဲဖြစ် နေသည့် ချင်းပြည်နယ်တောင်ပိုင်းရှိ၊ ပလက် ၀မြို့ပေါ် တွင် GSM ဖုန်း လိုင်းများစတင် အသုံးပြုနိုင်ပြီဖြစ်ကာ အခြားသောကျေးရွာများ၌လည်း အသုံးပြုနိုင်စေရန် မြန်မာ့ဆက်သွယ် ရေးမှ GSM ဖုန်းလိုင်းစခန်း ခြောက် ခုကို ၂၀၁၇ မတ်လကုန်တွင် အပြီး တည်ဆောက်ပေး သွားမည်ဖြစ်သည့် အပြင် တယ်လီနောနှင့်အူရီဒူးဖုန်း လိုင်းစနစ်များကိုပါ ယခုနှစ် ဒီဇင် ဘာလအကုန်တွင် အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
"အခုတော့ GSM ဖုန်းလိုင်း တကယ်ရပါပြီ။ ရပြီဆိုတော့ဝမ်းသာ တာပေါ့။ ရန်ကုန်က သူငယ်ချင်းတွေ ဆီလည်း စမ်းသပ်ဆက်ကြည့်တယ် ။လိုင်းကြည်ပါတယ်။ အင်တာနက်က တော့ မစမ်းကြည့်ရသေးဘူး" ဟု ပ လက်ဝမြို့ဒေသခံတစ်ဦးဖြစ်သူ ဦး အောင်ထွန်းကဆိုသည်။
ယခုဆိုလျှင် ပလက်ဝမြို့နယ် တွင် ကမ်းရိုးတန်းဖုန်း CDMA 450/ 800 နှစ်မျိုးအပြင် GSM ဖုန်းလိုင်း များကိုပါ အသုံးပြုနိုင်ပြီဖြစ်သော ကြောင့် ဒေသခံ တိုင်းရင်းသားများ သာမက ပြည် တွင်းခရီးသွားများနှင့် အခြားသောနေရာများမှ ပြောင်းရွှေ့ ၍တာဝန်ထမ်းဆောင်နေသူများအ တွက်လည်းအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
Credit To >>> Democracy Today 

0 comments:

Post a Comment