Tuesday, June 11, 2013

ဘာစီလိုနာသို့ ပြောင်းရွှေ့ခွင့် ရသည့်အတွက် ဘုရင်တစ်ပါးနှယ် ခံစားနေရကြောင်း နေမာဖွင့်ဟ By 10



 June, 2013
ဘာစီလိုနာတွင် ကစားခွင့် ရခြင်းကြောင့် မိမိကိုယ်ကိုယ် ဘုရင်တစ်ပါးနှယ် ခံစားနေရကြောင်း တိုက်စစ်မှူးသစ် နေမာက ပြောကြားလိုက်သည်။

ဆန်းတို့စ်အသင်းမှ ပြောင်းရွှေ့လာသည့် ဘရာဇီးလ် လူငယ် လက်ရွေးစင် ကစားသမားက နူးကမ့်၌ အခြေချ ကစားရမည့်အပေါ် ခံစားချက်သည် ဘုရင်တစ်ပါးကဲ့သို့ ခန့်ထည်လွန်းကြောင်း ဆိုသည်။ အသက် (၂၁) နှစ်ရှိ နေမာသည် စပိန်လာလီဂါ ချန်ပီယံ အသင်းနှင့် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက တရားဝင် လက်မှတ်ရေးထိုး စာချုပ်ခဲ့သည်။ ဘာစီလိုနာသည် နေမာအတွက် ယူရို (၅၇) သန်းမျှ ကုန်ကျခဲ့ကြောင်း ဆိုသည်။ နေမာအား ရီးယဲလ်မက်ဒရစ်နှင့် မန်ချက်စတာ စီးတီးတို့ကလည်း စိတ်ဝင်စားခဲ့သေးသည့်တိုင် ကစားသမားက ၎င်း၏ ဆန္ဒအတိုင်း ဘာစီလိုနာကိုသာ ရွေးချယ်ခဲ့သည်။

နေမာက "ဘာစီလိုနာကို အပြီးသတ် ပြောင်းရွှေ့နိုင်ခဲ့တာ ကျွန်တော် အရမ်းကို ပျော်ပါတယ်။ ကျွန်တော့်အတွက်တော့ ဒါက အမြဲတမ်း တောင့်တနေတဲ့ အိပ်မက်တစ်ခုလေ" ဟု ဆိုသည်။ ၎င်းက "ကျွန်တော် ခမ်းနားတဲ့ ပျော်ရွှင်မှုမျိုးတွေကို ခံစားနေရတယ်ဆိုတာ သံသယ မရှိပါဘူး။ ကျွန်တော် ပြီးပြည့်စုံတဲ့ လမ်းကြောင်းအတိုင်း လိုက်လာတယ်။ ခုတော့ ဘုရင်တစ်ပါးလို ခံစားချက်နဲ့ ပျော်ရွှင်နေမိပြီ" ဟုလည်း ဖွင့်ဟခဲ့သည်။ နေမာသည် (၂၀၁၄) ကမ္ဘာ့ဖလားပြီးမှ ဘာစီလိုနာသို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့သော်လည်း စပိန်ကလပ်၏ အလျင်လိုမှုကြောင့် ယခုနွေရာသီတွင် ဘာစီလိုနာနှင့် စာချုပ်ခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment