Monday, June 13, 2016

EU မှ ဗြိတိန်ထွက်မယ့်အရေးကြောင့် ပေါင်ဈေးကျပြီး ဒေါ်လာဈေးတက်

ဒီလထဲမှာ ဥရောပသမ္မဂ ကနေ ဗြိတိန်နိုင်ငံထွက်မယ့်အရေးမသေချာ
မှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေဟာ အမေရိကန်ဒေါ်လာ သုံးစီးပွား
ရေးတွေမှာပြောင်းလဲရင်းနှီးမြှုပ်နှံလာတာကြောင့် ဗြိတိန်ပေါင်နဲ့ ယူရိုငွေ
တွေကျဆင်းလာပါတယ်။

စစ်တမ်းကောက်မှုအသစ်တွေအရ ဗြိတိန်နိုင်ငံရဲ့ လူအများစုက EU က
ထွက်မယ့်ကိစ္စကို သဘောတူနေ ပါတယ်။ဗြိတိန်ရဲ့ စတော့ဈေးကွက်
ကလည်းယိမ်းယိုင်လျှက်ရှိပါတယ်။
လန်ဒန်မြို့က The independent သတင်းစာရဲ့ စစ်တမ်းကောက်ယူချက်
အရ ဗြိတိန်လူဦးရေ ၅၅ ရခိုင်နှုန်းက အခုအချိန်မှာ ‘Brexit’ ဆိုတဲ့အသုံး
အနှုန်းနဲ့ခေါ်ဝေါ်နေတဲ့ EU မှ ဗြိတိန်နှုတ်ထွက်အရေးကိစ္စ ကိုသဘောတူ
ထောက်ခံကြတယ်လို့ သိရပါတယ်။
ပေါင်ငွေဟာ ၁ဒသမ ၄ ရာခိုင်နှုန်းကျသွားပြီးတော့ တစ်ပေါင်ကို အမေရိ
ကန်ဒေါ်လာ ၁. ၄၂၅၀ ပဲရှိပါတော့တယ်။ အမေရိကန်ဒေါ်လာကတော့
ဝ ဒသမ ၆ ရာခိုင်နှုန်းတက်လာပြီးတော့ ၁ ယူရိုကို၁.၁၂၅၁ ဒေါ်လာရှိ
နေပါပြီ ဈေးကွက်ထဲမှာအခုအချိန်ရှိနေတာ ဟာ လေပြေပြီးမုန်တိုင်းလာ
တော့မှာကို သိနေသလိုပါပဲ၊အခုအချိန်မှာ သိပ်မသိသာပေမယ့် မကြာခင်
မှာ မုန်တိုင်းကျရောက်တော့မှာဖြစ်တယ် လို့ Daily FX က ပညာရှင်တစ်
ယောက်ကပြောပါတယ်။
မသေချာ မရေရာမှုကြားမှာ ဒေါ်လာ နဲ့ လဲနှုန်းရော ယူရိုနဲ့ လဲနှုန်းရောတက်လာတာကတော့ ဂျပန်ယန်းငွေဖြစ်ပါတယ်။
Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment