Friday, June 24, 2016

EU ကိုနှုတ်ဆက်သွားတဲ့ ဗြိတိန်နိုင်ငံ


ဗြိတိန်နိုင်ငံဟာ အခုအချိန်မှာနိုင်ငံရေးအကြီးအကျယ်အပြောင်းအလဲဖြစ်နေတဲ့အခြေအနေဖြစ်နေပါပြီ။
ဗြိတိန်နိုင်ငံ ဥရောပသမ္မဂမှာဆက်နေမနေဆိုတဲ့အကြောင်းအရာနဲ့
ပတ်သက်ပြီး ဆန္ဒခံယူပွဲပြုလုပ်ရာမှာမဲရေတွက်ပြီးတဲ့အချိန်မှာ
မဲအရေအတွက်တွေအရ ဗြိတိန်နိုင်ငံ ဟာ EU မှာဆက်လက်တည်
မရှိတော့ပါဘူး။ ဗြိတိန်နိုင်ငံဟာလွတ်လပ်သွားပြီလို့ပြောဆိုနေကြပါတယ်။

မဲအရေအတွက်မှာ EU ကထွက်ခွာဖို့မဲပေး ရာခိုင်နှုန်း၅၁ ဒသမ ၈ ရှိခဲ့ပြီး အသာစီးရကာအောင်နိုင်ခဲ့တာဖြစ်ပါတယ်။မနေ့က ဇွန်၂၃ ရက်နေ့မှာပြုလုပ်ခဲ့တဲ့ မဲဆန္ဒခံယူပွဲဟာဆိုရင် ဗြိတိန်နိုင်ငံအတွက် သမိုင်းတွင်မယ့်နေ့
တစ်နေ့အဖြစ်ကျန်ရှိနေခဲ့မှာဖြစ်ပါတယ်။

မကြာခင်အချိန်မှာပဲ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် David Cameron က
တစ်နိုင်ငံလုံးကိုမိန့်ခွန်းပြောကြာမှာဖြစ်ပြီး သူ့ကိုလည်း ရာထူးမှနှုတ်
ထွက်ပေးဖို့တောင်းဆိုမှုတွေလည်းခံနေရပါတယ်။ လန်ဒန်မြို့သူမြို့သား
တွေက EUမှာ ဆက်ရှိနေဖို့ ထောက်ခံခဲ့ကြပေမယ့် ကျန်တဲ့အင်္ဂလန်နိုင်ငံ
တစ်နိုင်ငံလုံးနီးပါးက ဗြိတိန်ကို EU ကထွက်ဖို့ထောက်ခံမဲပေးခဲ့ကြပါတယ်။ အိုင်ယာလန်မြောက်ပိုင်း နဲ့ စကော်တလန် တို့ကလည်း ဆက်လက်ပါဝင်
ဖို့ကို ထောက်ခံခဲ့ကြပါတယ်။

ဗြိတိန်နိုင်ငံရဲ့ ပေါင်ငွေဈေးဟာဆိုရင် အခုရလဒ်များအပြီးမှာ ၁၉၈၅
ခုနှစ်နောက်ပိုင်းအနှိမ့်ဆုံးအဖြစ် ထိုးဆင်းသွားပြီးတော့ တစ်ပေါင်ကို
၁ ဒသမ ၃၅ ဒေါ်လာ တန်ကြေးဖြစ်နေပါပြီ။

Credit To >>>SFJ Strategy First Journal 

0 comments:

Post a Comment