ခရီးသွားလာရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ ဥရောပ ကောင်စီ (ECTT) ဟာ
ယခုနှစ် ၂၀၁၆ အတွက် ကမ္ဘာပေါ်မှာ သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးသောနိုင်ငံအဖြစ် ကမ္ဘောဒီးယားနိုင်ငံကို ရွေးချယ်သတ်မှတ်လိုက်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယခုနှစ်အတွက် ကမ္ဘာပေါ်မှာ ခရီးသွားလာဖို့အတွက် အကောင်းဆုံးသော
နေရာတစ်ခုကို ရွေးချယ်သတ်မှတ်မှုပိုင်းမှာ နိုင်ငံပေါင်း ၃၀ ကျော်ကို
ဆန်ကာတင် ရွေးချယ်ခဲ့ပြီးတော့ ခုလိုမျိုး အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့
ကမ္ဘောဒီးယားကို ရွေးချယ်သတ်မှတ်လိုက်တာဖြစ်တယ်လို့ ဥရောပ
ခရီးသွားကောင်စီက ထုတ်ပြန်ပြောကြားပါတယ်။

ယင်းရဲ့ ပေါကြွယ်ဝလှတဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်း အထောက်
အထားပြယုပ်တွေ၊ ထူးခြားလှပလွန်းတဲ့ သဘာဝအလှတရားတွေကြောင့် ယခုလိုမျိုး ထိပ်တန်းခရီးသွားလာရေးနေရာအဖြစ် ကမ္ဘောဒီးယားနိုင်ငံ
ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

" ကမ္ဘောဒီးယားနိုင်ငံဟာ တကယ့်ကို လုံခြုံစိတ်ချရပြီးတော့ ထူးခြား
ဆန်းပြားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ခရီးသွားနေရာတစ်ခုပါ၊ အဲဒီနိုင်ငံက
ထူးခြားမှုတွေကို သင့်ရဲ့ နှလုံးသားကို ထာဝရ ဖမ်းစားနိုင်မှာလိမ့်မယ်"
ဆိုပြီး နိုင်ငံပေါင်း ၂၈ အဖွဲ့ဝင်ပါဝင်ထားတဲ့ ECTT ရဲ့ ဥက္ကဌ ပါမောက္ခ Anton Caragea က ပြောပါတယ်။

ယင်းနိုင်ငံဟာဆိုရင် ယူနက်စကို ရဲ့ ကမ္ဘာ့ရှေ့ဟောင်းအမွေအနှစ်စာရင်း
ဝင် ယဉ်ကျေးမှု နေရာနှစ်နေရာကြောင့် နာမည်ကျော်ကြားနေတာလို့
လည်း သိရပါတယ်။ ပထမတစ်ခုကတော့ နိုင်ငံအနောက်မြောက်ပိုင်းက
အန်ကောဝပ်ဘုရားကျောင်းဖြစ်ပြီးတော့ နောက်တစ်ခုကတော့
နိုင်ငံအနောက်မြောက်ပိုင်းကပဲ Preah Vihear ဘုရားကျောင်းဖြစ်ပါတယ်။

ယင်း ယဉ်ကျေးမှု ဆိုဒ်တွေအပြင် ကမ္ဘောဒီးယားနိုင်ငံမှာ ခရီးသွားတွေ
အများအပြားစိတ်ဝင်စားကြတဲ့ နေရာပေါင်းများစွာ ရှိနေသေးတယ်လို့
လည်း သိရပါတယ်။

ယင်းနိုင်ငံဟာ ယမန်နှစ်တုန်းကတော့ နိုင်ငံခြား ခရီးသွားဦးရေ ၄ ဒသမ
၈ သန်းကျော်ကို ဖိတ်ခေါ်ထားနိုင်ခဲ့ပြီးတော့ ခရီးသွားလုပ်ငန်းကနေ
ဝင်ငွေ ဒေါ်လာ ၃ ဘီလီယံထိ ရရှိထားတယ်လို့ ကမ္ဘောဒီးယား
ခရီးသွားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Credit To >>>SFJ Strategy First Journal
0 comments:
Post a Comment