Wednesday, June 5, 2013

Samsung Galaxy Note 8


Review: Samsung Galaxy Note 8

Samsung Galaxy Note 8 ဟာ ဒေါ်လာ ၃၉၉ ကျသင့်မယ့် ၈ လက်မအရွယ် tablet တစ်ခုပဲဖြစ်ပါတယ်။ ၇ လက်မ Nexus 7 ကို ဒေါ်လာ ၂၀၀ ၊ ၇.၉ လက်မ iPad Mini ကို ဒေါ်လာ ၃၃၀ သာပေးပြီး ဝယ်လို့ရနေတဲ့ အချိန်မှာ ဒေါ်လာ ၃၉၉ ဆိုတာ အတန်ကို များနေပါတယ်။ Samsung အနေနဲ့ မည်သည့် ရည်ရွယ်ချက်နဲ့ ဤဈေးနှုန်း သတ်မှတ်ထားလည်းဆိုတာ မခန့်မှန်းနိုင်ပါဘူး။

ဆုံးဖြတ်ချက် မမြန်ပါနဲ့ဦး။ Samsung Galaxy Note 8 ဟာ အရမ်းကို ကောင်းမွန်ပြည့်စုံတဲ့ Android Tablet ပါ။ ဈေးနှုန်းကသာ ဖျက်နေတာဖြစ်ပြီး သင့်အနေနဲ့ Stylus S Pen နဲ့ ဆက်စပ် သုံးစွဲနိုင်သည့် ဆော့ဖ်ဝဲတွေကို အလိုရှိရင်တော့ ဒီ tablet ဟာ အသင့်တော်ဆုံးပါပဲ။

ဒီဇိုင်းနှင့် ဖွဲ့စည်းတည်ဆောက်ပုံ

iPad Mini နဲ့ တူတာတစ်ချက်ကတော့ ပုံမှန်မဟုတ်တဲ့ အရွယ်အစားရှိတဲ့ မျက်နှာပြင်ပါပဲ။ ဥပမာအားဖြင့် Nexus 7 ထက် ကိုယ်ထည် အရွယ်အစား ၁ လက်မ ပိုကြီးနေတာ တွေ့ရပါမယ်။ ဒါကြောင့်လည်း Note 8 ကို လက်တစ်ဖက်နဲ့ ကိုင်တွယ်အသုံးပြုဖို့၊ အထူးသဖြင့် လက်ချောင်း သေးသွယ်သူများအဖို့ ခက်ခဲပါလိမ့်မယ်။ Note 8 ရဲ့ ဒေါင့်ချိုးတွေဟာ လုံးဝန်းသေသပ်ပြီး အလေးချိန်ကတော့ iPad Mini ထက် ပိုလေးပါတယ်။

ဒါ့အပြင် Note 8 ဟာ iPad Min နဲ့ Nexus 7 တို့လို ရိုးရှင်းပေါ့ပါးတဲ့ အပြင်ပိုင်း ပုံသဏ္ဍာန်တွေကို မမှီပေမယ့် အတွင်းပိုင်း စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက် အပိုင်းတွေမှာတော့ မညံ့လှပါဘူး။

ရှေ့မျက်နှာပြင်ရဲ့ အောက်ခြေမှာ Menu ၊ Home ၊ Back ခလုတ်များ ပါရှိမှာ ဖြစ်ပါတယ်။ Note 2 မှာ မဖြစ်နိုင်ခဲ့ပေမယ့် Note 8 မှာတော့ ဤ ခလုတ် ၃ ခုကို S Pen နဲ့လည်း ပူးတွဲ အသုံးပြုနိုင်ပါမယ်။

နောက်ကျောတွင် 5MP ကင်မရာ တပ်ဆင်ထားပြီး ရှေ့မျက်နှာပြင်တွင် 1.3MP ကင်မရာပါရှိမှာ ဖြစ်ပါတယ်။

စပီကာ ၂ လုံးကိုလည်း Note 8 ရဲ့ အောက်ခြေဒေါင့် ၂ ဖက်မှာ တပ်ဆင်ပေးထားပြီး Micro-USB အပေါက်နှင့် S Pen ထားသိုဖို့နေရာတို့ ပါရှိပါတယ်။ ညာဖက်ခြမ်းမှာတော့ microSD ကဒ်အပေါက်နှင့် volume ထိန်းချုပ်ခလုတ် ပါရှိမည်ဖြစ်ကာ ပါဝါခလုတ်မှာမူ Note 8 ၏ ဘယ်ဖက်ခြမ်းတွင် ရှိနေမည်ဖြစ်ပါသည်။ Headphone အပေါက်ကတော့ အပေါ်ပိုင်းမှာ ဖြစ်ပါတယ်။

ဆော့ဖ်ဝဲနှင့် လုပ်ဆောင်ချက်များ

Note 8 ဟာ Samsung က မကြာမီတွင်မှ Note 10.1 မှာ အသစ်ထပ်မံ ထည့်သွင်းပေးထားတဲ့ လုပ်ဆောင်ချက် အသစ်တွေသာမက Note 8 အတွက် သီးသန့် ထည့်သွင်းပေးထားတဲ့ လုပ်ဆောင်ချက်တွေ ပါရှိလာပါတယ်။

Note 8 ကို Android 4.1.2 Jelly Bean ထည့်သွင်းပေးထားပြီး Samsung ရဲ့ TouchWiz User-Interface ပါရှိပါတယ်။

Note 8 နဲ့ စာဖတ်ရာမှာ လွန်စွာကောင်းမွန်ပြီး စက္ကူပေါ်မှ စာလုံးများကို ဖတ်နေရသည့်အလား ထင်မှတ်မှားရပါတယ်။ ဒီ feature ဟာ Note 8 မှာပဲ ပါရှိပါတယ်။ ဒါ့အပြင် Note 8 ဟာ မျက်နှာပြင် အလင်း-အမှောင်ကိုလည်း အလိုအလျောက် ပြောင်းလဲပေးပါတယ်။

နောက်တစ်ခု ထူးခြားတာကတော့ Awesome Note HD ဆိုတဲ့ app ပါပဲ။ ဒီ app ကို iOS မှာ သုံးနေတာ ကြာပြီဖြစ်ပေမယ့် Android ပေါ်မှာတော့ Note 8 တစ်ခုတည်းသာ သုံးလို့ ရပါဦးမယ်။ S Pen နဲ့လည်း ချိတ်ဆက်သုံးစွဲ နိုင်ပါတယ်။ ဒါအပြင် Note 8 ကို ဝယ်ယူသူတိုင်းကို Dropbox တိပ်လွှာစတိုခန်း (cloud storage) မှာ 50 GB ရရှိမှာ ဖြစ်ပြီး Polaris Office လည်း ထည့်သွင်းပေးထာပါတယ်။

စွမ်းဆောင်ရည်

Note 8 ကို 1.6 GHz Exynos 4412 ပရောဆက်ဆာ တပ်ဆင်ပေးထားပြီး 2GB Memory ပါရှိမှာ ဖြစ်ပါတယ်။

Note 8 ရဲ့ ၈ လက်မ မျက်နှာပြင်ဟာ 1280 x 800 pixel resolution ရှိပါတယ်။ ဒါဟာ 189 pixel-per-inch ဖြစ်ပြီး 163 pixel-per-inch ရှိတဲ့ iPad Mini ထက်သာလွန်ပါတယ်။ ဒါကြောင့်လည်း စာလုံးများဟာ Note 8 ပေါ်မှာ သိသိသာသာကို ပိုမိုထင်ရှားစွာ ပေါ်လွင်ပါတယ်။

ဘက်ထရီပိုင်း အရွယ်အစားမှာ 4600 mAh ဖြစ်ပြီး အရွယ်တူ အခြား tablet များနှင့် ယှဉ်လျှင် မဆိုးလှဟု ဆိုနိုင်သော်လည်း Nexus 7 ကို မမှီသလို iPad Mini ကိုတော့ ထည့်တောင်ပြောရန် မလိုတော့ပါဘူး။

နိဂုံး
Note 8 ဟာ Samsung ရဲ့ tablet တွေထဲမှာ အကောင်းဆုံးလို့ ဆိုလို့ရပါတယ်။ လှပပြီး ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင်၊ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်နှင့် App များ၊ အသုံးဝင်တဲ့ S Pen တို့ ပါဝင်နေပါတယ်။

သို့သော်လည်း အစောပိုင်းက ပြောခဲ့သလို ဈေးနှုန်းကတော့ ပြောစရာ ဖြစ်နေပြီး သင့်အနေနဲ့ S Pen နဲ့ ဆက်စပ် app တွေ အသုံးပြုဖို့ မလိုအပ်ဖူး ဆိုရင်တော့ Nexus 7 ဟာ အကောင်းဆုံး Android tablet ပဲ ဖြစ်ပါလိမ့်မယ်။

ကိုယ်တိုင် ကိုင်တွယ်စမ်းသပ်ပြီး မိမိအတွက် အသုံးဝင်၊ မဝင် ဆုံးဖြတ်တာကတော့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

0 comments:

Post a Comment