Friday, June 3, 2016

ယာယီဈေး နှစ်လ အတွင်း မပြီးပါက တစ်ရက် ဒဏ်ငွေ ကျပ်တစ်သိန်း ပေးဆောင်ရမည်

မီးသင့်ခဲ့သည့် မင်္ဂလာဈေး ဈေးသူ၊ ဈေးသား များအတွက် ယာယီဈေးကို ဇွန် ၁ ရက်မှ
ဇူလိုင် ၃၀ ရက်အတွင်း ပြီးစီးအောင် တည်ဆောက် မည်ဖြစ်ကာ သတ်မှတ်ထားသည့်
ရက်အတွင်း မပြီးစီးပါက တစ်ရက်လျှင် ဒဏ်ငွေ ကျပ် တစ်သိန်း ပေးဆောင်ရမည်ဖြစ်ကြောင်း
မန္တလေးမြို့တော် စည်ပင်သာယာရေးကော် မတီဝင်(၇) ဦးခင်မောင်တင့်က မေ ၃၀ ရက်တွင်
ပြောသည်။

"ယာယီဈေးဆောက်ဖို့ တင်ဒါခေါ်ယူတယ်။ တင်ဒါလျှောက်တဲ့ ကုမ္ပဏီတွေထဲကမှ သုံးခုကို
ရွေးချယ်လိုက်တယ်။ အခု အဲဒီ ကုမ္ပဏီတွေက ဇွန် ၁ ရက်က စပြီး ဆောက်မယ်။ ဇူလိုင်
၃၀ ရက်နေ့ နောက်ဆုံးထားပြီး အပြီးဆောက်ပေးရမယ်။ မပြီးရင်တော့ တစ်ရက်ကို ကျပ်
တစ်သိန်းနှုန်းနဲ့ ဒဏ်ငွေ ဆောင်ရမယ်။ ပြီးရင် ကော်မတီရဲ့ သတ်မှတ် စည်းမျဉ်းစည်းကမ်းတွေ
နဲ့လည်း အရေးယူ ခြင်းခံရမယ်"ဟု ကော်မတီဝင်(၇)ဦးခင် မောင်တင့်က ပြောသည်။

ယာယီဈေး တည်ဆောက်ရန် မေလ ဒုတိယပတ်အတွင်းက တင်ဒါခေါ်ယူခဲ့ ပြီး တင်ဒါလျှောက်
ထားသည့် ကုမ္ပဏီ ငါးခု ရှိကာ မြန်မာ့ခေတ်၊ မဟာမြသိင်္ဂီနှင့်ွှု ကုမ္ပဏီတို့ တင်ဒါအောင်မြင်
ခဲ့ကြောင်းနှင့် ယာယီဈေးကို ၃၅ လမ်းနှင့် လမ်း ၇၀ ထောင့်ရှိ မဟာနွယ်စဉ် အားကစားကွင်းတွင်
တည် ဆောက်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ကြေညာ
ချက်အရ သိရသည်။ အဆိုပါကုမ္ပဏီသုံးခုထဲမှ မြန်မာ့ခေတ် ကုမ္ပဏီက အတည်ဆိုင်ခန်း
၃၃၆ ခန်း၊ မဟာ မြသိင်္ဂီနှင့်ွှု ကုမ္ပဏီတို့က ပျံကျဈေးဆိုင် ခန်း ၂၆၀ အတွက် ခွဲဝေတည်ဆောက်
ရမည် ဖြစ်ကြောင်း သိရပြီး မီး၊ ရေ၊ လမ်းနှင့် သန့်စင် ခန်းများ တည်ဆောက်ခြင်းကို စည်ပင်
သာယာက တာဝန်ယူမည်ဖြစ်သည်။

တည်ဆောက်ပြီး ယာယီဈေးဆိုင်ခန်းများ တွင် ဈေးရောင်းချမည့် ဈေးသည်များအနေဖြင့်
ယခင်မင်္ဂလာဈေးတွင် ရောင်းချခဲ့သည့် ကုန်ပစ္စည်းများကိုသာ ရောင်းချရမည်ဖြစ်ပြီး ဆိုင်ခန်း
များကို ပြန်လည် လက်လွှဲရောင်းချပါက ယာယီဈေးဆိုင်ခန်း ကုန်ကျစရိတ်ကို နှစ်ဆပေးလျော်
ရမည်ဖြစ်ကာ မီးလောင် ကျွမ်းခဲ့သည့် မင်္ဂလာဈေးကို အသစ် တည်ဆောက်ခြင်း ပြီစီးချိန်၊
သို့မဟုတ် ပြန်လည်ပြင်ဆင်ပြီးစီးချိန်တွင် ဆိုင်ခန်းများ ပြန်လည် ချထားပေးမည်မဟုတ်ကြောင်း
စည်ပင်သာယာက မေ ၁၂ ရက်၌ ကြေညာထားသည်။

"ကျွန်တော်တို့ကတော့ ကျန်တာ သဘော တူတယ်။ အရင်ရောင်းချခဲ့တဲ့ နေရာက ကုန်ပစ္စည်းကိုပဲ ပြန်ရောင်းချရမယ်ဆိုတာက တော့ ကျေနပ်စရာမရှိဘူး။ ဒါနဲ့ပတ်သက်ပြီး
ဝန်ကြီးချုပ်တို့၊ မြို့တော်ဝန်တို့နဲ့ တွေ့တဲ့ အချိန်မှာ ပြန်လည်ဆွေးနွေးသွားမယ်"ဟု ဈေးကော်
မတီက အဖွဲ့ဝင် ဦးကိုကိုအောင်က ပြောသည်။

Credit To >>> The Myanmar Times

0 comments:

Post a Comment