Wednesday, June 22, 2016

ရန်ကုန်တွင် ယာဉ်လိုင်းများကို အများပိုင်စုပေါင်းယာဉ်စနစ်ပြုလုပ်ရာ၌ ယာဉ်ပိုင်ရှင်များအား တိုင်းအစိုးရကူညီမည်

ရန်ကုန်မြို့တွင်း လက်ရှိ ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်များကို အများပိုင်အဖြစ် စုပေါင်းယာဉ်လိုင်းစနစ်ပြုလုပ်ပြီး ပါက ယာဉ်အသစ်များဖြင့် အစား ထိုးရမည်ဖြစ်ရာ ယာဉ်ပိုင်ရှင်များ အဆင်ပြေစွာ ပြောင်းလဲဆောင် ရွက်နိုင်ရန် စီစဉ်ပေးမည်ဟု ဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော သည်။

အများပိုင်ပြုလုပ်၍ စုပေါင်း ယာဉ်လိုင်းစနစ်ပြေးဆွဲမည့်ကိစ္စ နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယာဉ်ပိုင်ရှင်များနှင့် ဇွန်လ ၁၉ ရက်တွင် တွေ့ဆုံရာ၌ ထည့်သွင်းပြောကြားခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ယာဉ်ပိုင်ရှင် ကိုတရုတ်လေးကပြောသည်။
‘‘ယာဉ်ဟောင်းများကို ယာဉ် သစ်နဲ့လဲလှယ်ဖို့အတွက် အစိုးရ အနေနဲ့ ထောက်ပံ့မှာဖြစ်သလို ယာဉ်ပိုင်ရှင်များ အဆင်ပြေစေ ရေးအတွက် ယာဉ်ဟောင်းများ နယ်ကျော်ရောင်းချခွင့်ကိုလည်း စဉ်းစားနေတယ်လို့ ပြောတယ်’’ ဟု ၎င်းက ဆိုသည်။

 ရန်ကုန်မြို့တွင်း စုပေါင်း ပြေးဆွဲသော အများပိုင်ယာဉ် လိုင်းစနစ်ကို လာမည့်စက်တင် ဘာတွင် စတင်ပြောင်းလဲရန် လျာထားကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်ဟု ဆိုသည်။
‘‘ပြေးဆွဲမယ့် ဘတ်စ်ကား တွေကို စောင့်ကြည့်နိုင်မယ့် ကွန် ထရိုးစင်တာတည်ဆောက်နေမှု က ဩဂုတ်လကုန်လောက်မှာ ပြီး မယ်။ အဲဒါပြီးတဲ့အခါမှာ လမ်း ကြောင်းတူ စုပေါင်းပြေးဆွဲမယ့် အများပိုင်ယာဉ်လိုင်းတွေ ပြေးဆွဲ မှု စပြီးကျင့်သုံးမယ်။ စက်တင်ဘာ လောက်မှစနိုင်မယ်လို့ မျှော်မှန်း ထားတယ်ဆိုပြီး ဝန်ကြီးချုပ်က ပြောခဲ့တာပါ’’ဟု ယာဉ်ပိုင်ရှင် ကိုတရုတ်လေးက ပြောသည်။
ထို့အပြင် အဆိုပါအများပိုင် ယာဉ်လိုင်းများတွင် ယာဉ်မောင်း အဖြစ် လုပ်ကိုင်မည့်သူများကို လိုင်စင် အနီ၊ အနက် မခွဲခြားဘဲ သတ်မှတ်ထားသော သင်တန်း တက်ရောက်ပြီးစီးပါက ယင်းယာဉ်လိုင်းတွင် ဝင်ရောက်လုပ် ကိုင်ခွင့်ရရှိစေမည့်စနစ် ကျင့်သုံးရန်ရှိကြောင်း သတင်းရရှိသည်။
 ထိုသို့ အများပိုင်အဖြစ် စုပေါင်းပြေးဆွဲကြရန် ယာဉ်ပိုင် ရှင်အများစုက လက်ခံသဘောတူ ထားကြပြီး ဖွဲ့စည်းရမည့် ပုံစံကို စောင့်ဆိုင်းသွားရဦးမည်ဟု ယင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ သည့် ယာဉ်ပိုင်ရှင်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲနေ သော ဘတ်စ်ကားများ စနစ်တကျ ရှိစေရေး အစိုးသစ်လက်ထက် တွင် ယာဉ်လိုင်းအရေအတွက် လျှော့ချ၍ လမ်းကြောင်းတူယာဉ် လိုင်းများကို တစုတစည်းတည်း အများပိုင်လုပ်ငန်းအဖြစ်စုဖွဲ့ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။
‘‘ဝန်ကြီးချုပ်နဲ့ ယာဉ်ပိုင်ရှင် တွေ ၁၉ ရက်က ဒုတိယအကြိမ် တွေ့ဆုံခဲ့တာပါ။ ဝန်ကြီးချုပ်က ဆက်လက်လုပ်ဆောင်မယ့် အစီ အမံတွေကို ချပြတဲ့သဘောပဲ။ အ သေးစိတ်အစီအမံတွေ၊ ဆောင် ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို တော့ နောက်မှ ထုတ်ပြန်မယ့် သဘောရှိတယ်’’ဟု ၎င်းက ပြော သည်။
ယာဉ်လိုင်းအရေအတွက် လျှော့ချခြင်းမှာ ယာဉ်စီးရေလျှော့ လိုက်ခြင်းမဟုတ်ဘဲ လမ်းကြောင်းတူပြေးဆွဲနေသော ယာဉ်လိုင်း များကို လိုင်းနံပါတ်တစ်ခုတည်း အဖြစ် ပြောင်းလဲပြေးဆွဲစေသည့် စနစ်ဖြစ်ကြောင်း သတင်းရရှိ သည်။
ထို့အပြင် ရန်ကုန်မြို့ ယာဉ် ကြောကျပ်တည်းမှုလျော့နည်းစေ ရေးနှင့် ဘတ်စ်ကားများ စနစ် တကျပြေးဆွဲနိုင်ရေး သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်မည်ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဇွန်လ ၁၆ ရက်တွင် ပြုလုပ်သည့် တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးနောက်ဆုံးနေ့ ၌ တက်ရောက်မိန့်ခွန်းပြောကြား ရာတွင် ၎င်းကထည့်သွင်းပြောသွားခဲ့သည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment