Wednesday, June 29, 2016

မြန်မာ့ ကုန်သွယ်မှု တိုးတက်ရေး တွန်းအားပေးခြင်းက ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် အဓိကကျဟုဆို

မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုပိုင်းမှာသာ အလျင်အမြန် တိုးတက်ကြီးထွားလာမယ်ဆိုရင် ယင်းက ဆင်းရဲနွမ်းပါးမှုကို ကူညီလျှော့ချပေးနိုင်သလိုနိုင်ငံသာယာဝပြောမှုတွေပါ ပေးစွမ်းထောက်ကူနိုင်ပါတယ်ဆိုပြီး Myanmar Diagnostic Trade Integration Study အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ယင်းလေ့လာချက်ကိုတော့ စီးပွားကူးသန်းဝန်ကြီးဌာနက ဦးဆောင်
လုပ်ဆောင်ပေးခဲ့တာဖြစ်ပြီးတော့ နိုင်ငံမှာ အဓိကကျတဲ့ ကုန်သွယ်မှုနဲ့
ယှဉ်ပြိုင်နိုင်စွမ်းတွေအတွက် လမ်းပြမြေပုံတစ်ရပ် ရေးဆွဲဖို့ ထောက်
ကူပေးသွားမှာဖြစ်ပါတယ်။ ယင်း အစီရင်ခံစာအရ ကုန်သွယ်မှုတွေ
ပွင့်လင်းလာဖို့ တွန်းအားပေးနိုင်မယ့် ပြုပြင်ပြောင်းလဲမှုတွေ ထပ်လို့ဖို့၊
နိုင်ငံမှာ ရှိတဲ့ သဘာဝရင်းမြစ်တွေအပေါ် အလွန်အမင်း မှီခိုနေရမှုကနေ
ပြောင်းလဲသွားဖို့နဲ့ Soft infrastructure အပိုင်းမှာ ဖွံ့ဖြိုးတိုးတက်ဖို့
လုပ်ဆောင်ရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
နိုင်ငံရဲ့ ကုန်သွယ်မှုပိုင်းမှာ အစပိုင်းမှာတော့ ရုန်းကန်ခဲ့ရတဲ့အခြေအ
နေတွေ ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံ
မှုပိုင်းမှာ တိုးတက်လာခဲ့တာတွေကြောင့် နိုင်ငံရဲ့ ပျမ်းမျှ စီးပွားရေးတိုး
တက်မှုကို တစ်နှစ်ကို ၇ ရာခိုင်နှုန်းနဲ့ တိုးတက်စေခဲ့တယ်လို့ သိရပါတယ်။
အထည်အလိပ် ပို့ကုန်တွေကလည်း ၂၀၀၅ ခုနှစ်နဲ့ ၂၀၁၄ ကြားမှာ
သုံးဆအထိ တိုးတက်ခဲ့သလို ခရီးသွားလုပ်ငန်းကဏ္ဍကလည်း ၂၀၀၉
နဲ့ ၂၀၁၅ ကြားကာလမှာ ၃၅ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့ပါပြီ။ အလား
တူ နိုင်ငံမှာ ဂျီဒီပီတိုးတက်မှု တစ်နှစ်ကို ၇ ဒသမ ၇ ရာခိုင်နှုန်း ချမှတ်
ထားရှိပြီးတော့ ယင်းအတိုင်းသာ ရရှိအောင်မြင်ခဲ့မယ်ဆိုရင် လာမယ့်
ကိုးနှစ်ဆယ်နှစ်အတွင်းမှာ နိုင်ငံရဲ့ ဂျီဒီပီဟာ ယခုထက် နှစ်ဆတိုးမြင့်
နေနိုင်ဖို့ ရှိနေပါတယ်။
တစ်ဘက်မှာလည်း ဖွံ့ဖြိုးနိုင်သလောက် ဖွံ့ဖြိုးလာခြင်းမရှိသေးတဲ့၊
မပြည့်စုံသေးတဲ့ အဖွဲ့အစည်းတွေကြောင့် စီးပွားရေးတိုးတက်မှုအတွက်
အဟန့်အတားဖြစ်နေသလို ဗျူရိုကရက်တစ်ဆိုင်ရာ နှောင့်နှေးကြန့်ကြာ
မှုတွက ကုန်သွယ်မှုပိုင်းမှာ ကုန်ကျစရိတ်တွေ တိုးတက်နေစေသလို
အရည်အသွေးပိုင်းနဲ့ အခြေခံအဆောက်အအုံပိုင်းမှာလဲ တိုးတက်ဖို့
လိုသေးတယ်လို့ ယင်းအစီရင်ခံစာမှာ ဆိုထားပါတယ်။
" နိုင်ငံရဲ့ ကုန်သွယ်မှုဟာ ဒီအချိန်မှာ အလျင်အမြန်ပဲ တိုးတက်နေပါတယ်၊ အနာဂတ်ဖွံ့ဖြိုးတိုးတက်နိုင်မယ့် အလားအလာကောင်းတွေလဲ
အများကြီးပိုင်ဆိုင်ထားဆဲပါ၊ အလားတူ သဘာဝအရင်းအမြစ်တွေနဲ့
စိုက်ပျိုးရေး ရင်းမြစ်တွေကနေ အခွင့်အလမ်းတွေ ရယူနိုင်သလို
လုပ်သားအင်အားတွေ၊ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းရှိတဲ့
ဈေးကွက်တွေနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့အခြေအနေတွေအပေါ်
အသုံးချနိုင်မှာပါလိမ့်မယ်"ဆိုပြီး ကမ္ဘာ့ဘဏ်ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Abdoulaye Seck ကလည်း သုံးသပ်ပြောကြားသွားခဲ့ပါတယ်။
Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment