အစိုးရအ ပြောင်းအလဲကြောင့် ခရီးသွားဝင် ရောက်မှုနှုန်း 
မြင့်တက်လာနိုင်ပြီး ခရီးသွားလုပ်ငန်း တိုးတက်လာနိုင် 
ကြောင်းခရီးသွားလုပ်ငန်း အသိုင်း အဝိုင်းက သုံးသပ်ပြောကြားသည်။
 
ရွေးကောက်ပွဲ ကာလပြီးဆုံး ၍ အစိုးရသစ်အပြောင်းအလဲများ ပြုလုပ်ပြီးပါက 
နိုင်ငံ၏အပြောင်း အလဲကိုစိတ်ဝင်စား သူ ပြည်ပ ခရီးသွား ဧည့်သည်များအနေဖြင့် 
မြန်မာနိုင်ငံ သို့ လာရောက်လည်ပတ်မှုမြင့်တက် လာနိုင်မည်ဖြစ်ကြောင်း  ThinGa
 Zar Travel&Tour   မှ တာဝန်ရှိသူ ဦးတင်ထွန်းအောင်က ပြောသည်။
 
''အစိုးရအပြောင်းအလဲဖြစ် ပြီးသွားရင် ခရီးသွားလုပ်ငန်းတွေ 
တိုးလာဖို့ရှိတယ်။ ဘာကြောင့်လဲဆို တော့လူတွေက စူးစမ်းချင်စိတ် ၊စိတ် 
ဝင်စားမှုသဘာဝအရကို လာကြ လိမ့်မယ်။ နောက်စီးပွားရေး၊ နိုင်ငံ ရေးတွေ 
ပြောင်းလဲလာရင်စိတ်ဝင် စားမှုတိုးလာတယ်။ အန္တရာယ်ရှိနေ ရင်တော့ 
စွန့်စားပြီးမသွားကြဘူး ပေါ့ ဥပမာဆီးရီးယားတို့လစ်ဗျားတို့ 
ဆိုရင်တော့တစ်မျိုးပေါ့။ အခုက နိုင်ငံကငြိမ်း ချမ်းစွာ အသွင်ပြောင်း 
ပြီးတော့ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကို အားပေးချင်တဲ့ အတွက်လည်း 
ဧည့်သည်ဝင်ရောက် မှုတိုးလာမှာပေါ့''ဟု ယင်းကဆက် လက်ပြောသည်။
 
လက်ရှိအချိန်တွင်လည်း ခရီး သွားဝင်ရောက်မှုများ စတင်နေပြီ ဖြစ်ပြီး 
တိုးတက်လာမည့်အချိန် တွင် ဝန်ဆောင်မှုများ အဆင်သင့် ဖြစ်ရန် 
ပြင်ဆင်မှုများပြုလုပ်ထား သင့်ပြီး ဧည့်သည်ဝင်ရောက်မှုတိုး လာသည့်နှင့် 
ခရီးသွားလုပ်ငန်းများ လည်းတိုးတက်လာမည် ဖြစ်သည့် အတွက် အရည်အသွေးပြည့်မီ 
သော ဝန်ဆောင်မှုများကို ပေးနိုင် ရန် လိုအပ်ကြောင်းသိရသည်။ 
 
''ရွေးကောက်ပွဲကအောင်မြင် စွာနဲ့ ပြီးဆုံးသွားတဲ့အတွက်ဧည့် 
သည်ဝင်ရောက်မှုကလည်း သေချာ ပေါက်တိုးလာမှာပါ။ အခုဝင်နေ တာ 
ထက်ကိုနှစ်ဆလောက်တိုးနိုင် ပါတယ်။ ဒါပေမယ့်ဧည့်သည်တွေ တိုးလာတာနဲ့အညီ 
လုပ်ငန်းလုပ် ကိုင်နေသူတွေအနေနဲ့ ဟိုတယ် တွေ၊ 
လေကြောင်းလိုင်းတွေတိုးဖို့လိုပါမယ်။ နောက်ကျွမ်းကျင်မှု အတွက်တော့ 
အချိန်ယူပြီးတော့ လုပ်ရမှာပေါ့။ ဟိုတယ်တွေအနေနဲ့ ကတော့ဈေးနှုန်းကို 
လျော့ချသင့် တယ်။ ထိုင်းတို့ကမ္ဘောဒီးယားတို့ ထက် ဒီကဟိုတယ် ခတွေက နှစ်ဆ 
လောက်မြင့်နေတယ်။ ဒီမှာသုံးရက် လောက်နေရင် ဟိုမှာတစ်ပတ် လောက်နေလို့ရတယ်။ 
အဲ့ဒါတွေကို ပြင် ဆင်ရမယ်''ဟု မြန်မာနိုင်ငံဧည့် လမ်းညွှန်အသင်း(ပုဂံဇုန်) 
ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုကပြောသည်။
 အစိုးရတစ်ရပ် အပြောင်းအလဲ 
ဖြစ်ပေါ်ပြီးချိန်တွင် နိုင်ငံအတွင်း အပြောင်းအလဲများကို စိတ်ဝင်စား ၍ 
လာရောက်ကြသ လိုမြန်မာနိုင်ငံ ၏ ရေမြေသဘာဝအနေအထားများ ကြောင့် 
ဧည့်သည်များစိတ်ဝင်စားမှု ကိုရရှိထားပြီး အဓိကအားဖြင့်နိုင်ငံ 
အခြေအနေတည်ငြိမ်ကာ စစ်မက် ဖြစ်ပွားခြင်းမရှိခြင်းက ပို၍အဓိက ကျကြောင်း 
မြန်မာနိုင်ငံခရီးသွား   လုပ်ငန်းဈေး ကွက်မြင့်တင်ရေး ဥက္ကဋ္ဌ 
ဦးဖြိုးဝေရာဇာကပြောသည်။
 ''ကျွန်တော့်အမြင်အရဆိုရင် 
တော့အစိုးရပြောင်းတာ မပြောင်း တာနဲ့သိပ်မဆိုင်ဘူး။ နိုင်ငံရေးတည် ငြိမ်မယ်။
 စစ်မက်ဖြစ်ပွား မှုတွေမရှိဘဲ တည်ငြိမ်နေရင်တိုးမှာပဲ။ နိုင်ငံအုပ် 
ချုပ်ရေးနဲ့ တိုင်းပြည်ရဲ့တည်ငြိမ်မှု အပေါ်မူတည်မယ်။ နိုင်ငံရေးနဲ့မ 
ပတ်သက်ဘဲ နဲ့ ကို ပြည်ပဝင်ရောက် မှုရှိပါတယ်။ ဧည့်သည်တွေအနေနဲ့ လည်း 
ဝန်ဆောင်မှုတွေနဲ့ပတ်သက် ပြီး မကျေနပ်တာမျိုးပြောပြီးပြန် 
သွားတာမျိုးမရှိဘူး။ အချို့တော့ ဝန်ဆောင်မှုပိုင်း အားနည်းတာတွေ ရှိမှာပါ။ 
ဒါပေမယ့်နည်းပါတယ်။လက်ရှိလည်း အများကြီးဝင်နေ ပါ တယ်''ဟု ယင်းကဆက်လက်ပြော 
သည်။
 လက်ရှိတွင် ဧည့်သည်များဝင် ရောက်လာချိန်၌ ဝန်ဆောင်မှုအပိုင်း ၌ 
အဆင်သင့်ဖြစ်နေစေရန်အတွက် မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားလုပ် 
ငန်းဝန်ကြီးဌာနမှ သင်တန်းများပေး လျက်ရှိပြီးအလုပ်ရှင်နှင့် အလုပ်သမား 
ဥပဒေများ၊ ဗီဇာအပြန်အလှန်ကင်း လွတ်ခွင့်၊ သယ်ယူပို့ဆောင်ရေးစနစ် 
ကောင်းမွန်စေရန် လိုအပ်ကြောင်း သိရသည်။
Credit To >>> Democracy News  
Saturday, November 14, 2015
အစိုးရအပြောင်းအလဲကြောင့် ခရီးသွားဝင်ရောက်မှုနှုန်းမြင့်တက် လာနိုင်ပြီး ခရီးသွားလုပ်ငန်းတိုးတက်လာနိုင်ကြောင်း ခရီးသွား လုပ်ငန်း အသိုင်းအဝိုင်းကသုံးသပ်
Subscribe to:
Post Comments (Atom)
 
 
 Myanmar Kyat Exchange Rate
    Myanmar Kyat Exchange Rate
0 comments:
Post a Comment