မဲဆန္ဒ ခံယူပွဲမတိုင်ခင်မှာပဲ ဥရောပသမဂ္ဂ (အီးယူ) ကနေ ဗြိတိန်
ဆက်ရှိနေမယ့် အလားအလာဘက်က များလာနေတဲ့အချိန် ဇွန်လ ၂၀
ရက်က ကမ္ဘာ့ရေနံဈေးနှုန်းပိုင်းမှာ ပြန်လည်မြင့်တက်လာခဲ့တယ်လို့
သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
Brent ရေနံဈေးနှုန်းဟာဆက်ရှိနေမယ့် အလားအလာဘက်က များလာနေတဲ့အချိန် ဇွန်လ ၂၀
ရက်က ကမ္ဘာ့ရေနံဈေးနှုန်းပိုင်းမှာ ပြန်လည်မြင့်တက်လာခဲ့တယ်လို့
သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
တစ်စည်ကို ဒေါ်လာ ၅၀ နဲ့အထက် ရပ်တည်ပြီး ဈေးကွက်ပိတ်
သိမ်းခဲ့တယ်လို့ သိရပါတယ်။
နယူးယောက် ကုန်စည်ဒိုင်မှာ ယင်းနေ့က သြဂုတ်လအတွက်
ပေးပို့မှုပိုင်းရဲ့ WTI ရေနံကုန်သွယ်မှုပိုင်းမှာတော့
တစ်စည်ကို ဒေါ်လာ ၄၈ ဒသမ ၇၈ နဲ့ ၄၉ ဒသမ ၉၉ ကြား ရှိခဲ့ပြီး
ဈေးကွက်ပိတ်သိမ်းချိန်မှာတော့ တစ်စည်ကို
ဒေါ်လာ ၄၉ ဒသမ ၉၁ ရှိခဲ့တာကြောင်း ၁ ဒသမ ၃၅ ဒါမှမဟုတ်
၂ ဒသမ ၇၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။

အလားတူ ဥရောပဘက်ခြမ်းမှာလည်း သြဂုတ်လပေးပို့မှုအတွက်
Brent ရေနံဈေးနှုန်းက တစ်စည်ကို
ဒေါ်လာ ၄၉ ဒသမ ၃၇ နဲ့ ၅၀ ဒသမ ၆၇ ကြား ကုန်သွယ်ခဲ့ကြပြိးတော့
ယင်းနေ့မှာ ဒေါ်လာ ၅၀ ဒသမ ၆၀
နဲ့ ဈေးကွက်ပိတ်သိမ်းခဲ့တာကြောင့် ၁ ဒသမ ၄၃ ဒါမှမဟုတ် ၂ ဒသမ ၉၁
ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။

ယခုသီတင်းပတ်အတွင်း အီးယူအဖွဲ့အတွင်းကနေ ဗြိတိန်ဆက်နေရေး၊
ခွဲထွက်ရေး ဆန္ဒခံယူပွဲမတိုင်ခင်
ဆက်နေရေးဘက်က အလားအလာကောင်းနေတဲ့အချိန် တနင်္လာနေ့က
ကုန်သွယ်မှုပိုင်းမှာ ရေနံဈေးတွေနဲ့
ကမ္ဘာ့ကုန်စည်ပစ္စည်းတွေရဲ့ တန်ဖိုးပိုင်းမှာ မြင့်တက်ခဲ့တာကို
တွေ့ရပါတယ်။
ခွဲထွက်ရေး ဆန္ဒခံယူပွဲမတိုင်ခင်
ဆက်နေရေးဘက်က အလားအလာကောင်းနေတဲ့အချိန် တနင်္လာနေ့က
ကုန်သွယ်မှုပိုင်းမှာ ရေနံဈေးတွေနဲ့
ကမ္ဘာ့ကုန်စည်ပစ္စည်းတွေရဲ့ တန်ဖိုးပိုင်းမှာ မြင့်တက်ခဲ့တာကို
တွေ့ရပါတယ်။
တစ်ချိန်တည်းမှာပဲ အီးယူဆန္ဒခံယူပွဲနဲ့ပတ်သက်လို့ အဖွဲ့တွင်းမှာ ဆက်မနေဘဲ ထွက်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေနဲ့ပတ်သက်လို့ အဓိကကမ္ဘာ့ရေနံကုမ္မဏီတွေက သတိပေးချက်တွေ ထုတ်ပြန်ထားပါသေးတယ်။ အီးယူကနေ ထွက်လိုက်မယ်ဆိုရင်တော့ အီးယူဒေသက ရေနံကုမ္မဏီတွေမှာလုပ်နေကြတဲ့ ဗြိတိန်လုပ်သားတွေအတွက် လွတ်လပ်စွာခရီးသွားလာနိုင်ခွင့်တွေ ဆုံးရှုံးရဖို့ ရှိနေသလို အီးယူအဖွဲ့တွင်းက ဦးဆောင်နိုင်ငံတွေနဲ့ ဗြိတိန်တို့အကြားက ကုန်သွယ်ရေးအတားအဆီးတွေလည်း ပိုမိုတိုးမြင့်ပေါ်ပေါက်လာနိုင်တယ်လို့ သတိပေးမှုတွေ ရှိနေပါတယ်။
လက်ရှိ နောက်ဆုံးငါးလအတွင်းမှာ ကမ္ဘာ့ရေနံဈေးပိုင်းမှာ ပြန်တက်လာတာတွေကို တွေ့ထားရပေမယ့်လည်း ရေနံဈေးတွေဟာ ပြီးခဲ့တဲ့ နှစ်နှစ်တာအတွင်း အမြင့်ဆုံးရောက်ခဲ့တဲ့ တစ်စည်ကို ဒေါ်လာ ၁၁၅ ရဲ့ ထက်ဝက်လောက်ကိုတောင်မီဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

Credit To >>>SFJ Strategy First Journal
0 comments:
Post a Comment