Wednesday, June 22, 2016

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် လေးနိုင်ငံခရီးစဉ်ဒေသ ဖွံ့ဖြိုးရေးအတွက် မြန်မာနိုင်ငံမှာ ကွန်ဖရင့် ကျင်းပသွားမယ်

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (CLMV နိုင်ငံများ) ရဲ့
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လေးနိုင်ငံ
ခရီးစဉ်ဒေသတစ်ခု (Four Nations-One Destination)
ကွန်ဖရင့်ကို မြန်မာနိုင်ငံမှာ ကျင်းပသွားမယ်လို့ ဟိုတယ်နဲ့
ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် လေးနိုင်ငံ ခရီးစဉ်ဒေသ
ဖွံ့ဖြိုးရေး ကွန်ဖရင့်ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၁၆ခုနှစ်၊
ဇူလိုင် ၃၀ မှ သြဂုတ် ၁ ရက် အထိ ရန်ကုန်မြို့ရှိ HAGL
ဟိုတယ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
လေးနိုင်ငံ ခရီးစဉ်ဒေသ တစ်ခုအဖြစ် ဈေးကွက်
မြှင့်တင်ဆောင်ရွက်ရေး၊ အဖွဲ့ဝင်နိုင်ငံများရဲ့ ရိုးရာအစားအစာများ၊
ယဉ်ကျေးမှု အနုပညာများများ၊ ခရီးသွားဈေးကွက်မြှင့်တင်
ရှာဖွေရေးတို့စတဲ့ ဒေသတွင်းခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုး
တိုးတက်စေရေးအတွက် ရည်ရွယ်ကျင်းပပြုလုပ်သွားမယ်လို့
သိရပါတယ်။
CLMV အဖွဲ့ဝင်နိုင်ငံများက ခရီးသွားလုပ်ငန်းဆိုင်ရာဝန်ကြီးများ၊
ဘဏ္ဍာ ရေး၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်း
စတဲ့ ကဏ္ဍများမှာ အဓိကတာဝန်ရှိသူများ၊ စီးပွားရေးအဖွဲ့အစည်းများမှာ
ကိုယ်စားလှယ်များပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။
က္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက် နမ်၊ ထိုင်း တို့ ပါဝင်သော
CLMVT -စီအယ်လ်အမ် ဗွီတီ ဖိုရမ် ကိုလည်း ပြီးခဲ့တဲ့
ဇွန် ၁၆နဲ့ ၁၇ ရက်တို့မှာ ထိုင်းနိုင်ငံ ဘန်ကောင်မြိုကမှာ
ကျင်းပခဲ့ပြီး ဒေသတွင်း နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုများ
ရင်နှီးမြှုပ်နှံမှုများနဲ့ အလားအလာအခွင့်အလမ်းများကို
ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါ ဖိုရမ်မှာ ၅ နိုင်ငံရဲ့ ခရီးသွားကဏ္ဍသို့ လာရောက်လည်ပတ်တဲ့
ခရီးသွားများအတွက် Single Visa ကျင့်သုံးရေး၊ နယ်စပ်ဖြတ်ကျော်
ခရီးသွားလာမှုများ အတွက် Free border mechanism
ဖြစ်ပေါ်လာရေး (၅)နိုင်ငံရဲ့ မိုးရာသီ ကာလများမှာ
ခရီးသွားများ အား ဆွဲဆောင်နိုင်တဲ့ စိုက်ပျိုးရေးနဲ့ ရိုးရာခရီးသွား
ခရီးစဉ်များဖော်ထုတ်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။

Credit To >>>>SFJ Strategy First Journal

0 comments:

Post a Comment