Tuesday, June 28, 2016

နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေး

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက် ၁ဝ နာရီတွင် ဘုရင့် နောင်ရိပ်သာဧည့်ခန်းမဆောင်၌ အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာန SIBAT (Israel MOD International Defense Cooperation Directorate)\ Director, Brigadier General (Ret.) Mishel Ben Baruch အား လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းတွင် လျှောက်လှမ်းနေမှုအခြေအနေနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးရုံးနှင့် ပူးပေါင်းလုပ်ဆောင်နေသည့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာများ၊ ဆက်လက်ပူးပေါင်း လုပ်ဆောင်မည့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတူ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာနမှ Brigadier General (Ret.) Mishel Ben Baruch နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံသံအမတ်ကြီးလည်း တက်ရောက်သည်။
Credit To >>> မြ၀တီ

0 comments:

Post a Comment