Thursday, June 23, 2016

အိမ်ခြံမြေအရောင်းပြပွဲကြီး၌ ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိ တိုက်ခန်းနှင့်ကွန်ဒိုများ ရောင်းချပေးနိုင်ခဲ့


မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေအရောင်းပြပွဲကြီး၌ ဆောက်လုပ်ရေးကုမ္ပဏီ ၅ဝ ကျော်မှ တိုက်ခန်းနှင့်ကွန်ဒို များကို အထူးလျှော့ဈေးနှုန်းများ၊ (၁) နှစ်မှ (၈) နှစ်အထိ အရစ်ကျစနစ်များဖြင့် ပါဝင်ပြသရောင်းချခဲ့သဖြင့် ပွဲသို့ လာရောက်လေ့လာသူ သောင်းချီရှိခဲ့ပြီး ငွေကျပ် ၁၄ ဘီလီယံကျော်တန်ဖိုးရှိသော တိုက်ခန်းနှင့် ကွန်ဒိုများကို ပြပွဲသုံးရက်အတွင်း စံချိန်တင်ရောင်းချပေးနိုင်ခဲ့ကြောင်း ပွဲအပြီးစစ်တမ်းများအရ သိရသည်။ 

''အိမ်ခြံမြေ အရောင်းအဝယ်တွေအေးနေတဲ့အချိန် မှာ အခုလို ငွေကျပ် ၁၄ ဘီလီယံကျော်ဖိုးကို ပွဲသုံးရက် အတွင်းမှာ ရောင်းချပေးနိုင်ခဲ့တယ်ဆိုတော့ ရောင်းချပေးတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေရော၊ နေထိုင်ဖို့ ဝယ်ယူကြတဲ့ ပြည်သူတွေအတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးရှိခဲ့ တာကို တွေ့ရပါတယ်။ နောက်လည်း ဒီလိုပွဲမျိုးကို ရန်ကုန် မြို့မှာတင်မကဘဲ မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့ကြီး များဖြစ်တဲ့ မန္တလေး၊ တောင်ကြီးနှင့် ပုသိမ်မြို့တို့မှာပါ ကျင်းပသွားဖို့ရှိပါတယ်''ဟုiMyanmarHouse.com မှ မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောကြားခဲ့သည်။

ပြပွဲပြုလုပ်ခဲ့သော သုံးရက်တာကာလအတွင်း အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်သော ဦးကိုကိုထွေး (တော်ဝင်စင်တာ)၊ ဦးအေးမင်း (အောင်သမာဓိအကျိုး ဆောင်)၊ ဦးပီတာ (အောင်သမာဓိအကျိုးဆောင် စီးပွားရေးအတိုင်ပင်ခံ)၊ ဦးကျော်ကျော်လှိုင် (Smart Group of Companies)၊ ဦးမျိုးမြင့် (M.K.T Construction)၊ ဦးလွင်အောင်ဦး (RGD Construction)၊ ဦးစိုင်းခွန်နောင် (စိုင်းခွန်နောင်အိမ်ခြံမြေ)၊ လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ၊ ဦးဝင်းဇော် (CHD Bank)၊ ဦးမြတ်သူဝင်း (ရွှေမင်း သားဖောင်ဒေးရှင်း)၊ ဦးအေးလင်း (Mya Nan Dar Construction) နှင့် ဦးနေမင်းသူ (iMyanmarHouse.com) တို့က အိမ်ခြံမြေ အသိပညာဗဟုသုတများကို ပြပွဲ လာအများပြည်သူအတွက် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်း၊ ဝယ်၊ငှား ဝက်ဘ်ဆိုက်ဖြစ်သော iMyanmarHouse.com မှ ကြီးမှူး၍ ပြီးခဲ့သည့် ဇွန် ၁ဝ၊ ၁၁၊ ၁၂ ရက်တို့တွင် (တတိယ အကြိမ်မြောက်) မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်ခြံမြေ အရောင်းပြပွဲကြီးကို ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းနှင့် စတုတ္ထအကြိမ် မြောက်ကျင်းပမည့် မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံ မြေအရောင်းပြပွဲကြီးကိုလည်းလာမည့် ဒီဇင်ဘာလ၌ ပြုလုပ်ရန်စီစဉ်ထားကြောင်း သိရသည်။ 

Credit To >>> The Mirror Daily

0 comments:

Post a Comment