Monday, June 13, 2016

ဂျပန်နှစ်ရှည်ချေးငွေဖြင့်ဆောင်ရွက်သည့် ရေပေးရေးစီမံကိန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ဂျပန်နိုင်ငံအင်ဂျင်နီယာအဖွဲ့နှင့် ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာများပူးပေါင်း၍ ဂျပန်နှစ်ရှည်ချေးငွေဖြင့်ဆောင်ရွက်သည့် ပဲခူးမြို့ ရေပေးရေးစီမံကိန်းအား ၂ဝ၁၅ ခုနှစ်မှစတင်ကာ အပိုင်းနှစ်ပိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိခဲ့ပြီး
ယင်းစီမံကိန်းတွင် အပိုင်း(၁) အနေဖြင့် ကန်တော်ကြီးဆည်မှ မဲခုံရေစက်ရုံဝင်း အထိ ၁၉၇၂၂ ပေရှိ မိန်းပိုက်လိုင်းများလဲလှယ်ခြင်း၊ အပိုင်း(၂)တွင် မဲခုံရေစက်ဝန်းအတွင်း ရေသန့်စင်ခြင်းစနစ်တည်ဆောက်ခြင်းနှင့် မြို့တွင်းပိုက်လိုင်းများ ၃၄၆၆၅ ပေ လဲလှယ်ခြင်းလုပ်ငန်းများပါဝင်ကာ ယခုအခါအပိုင်း (၁)တွင် ပါဝင်သောလုပ်ငန်းအားလုံး ဇွန် ၆ ရက်တွင် ပြီးစီးသွားပြီး အပိုင်း(၂) တွင်ပါဝင်သော ရေဂါလန်ရှစ်သိန်းဆံ့ ရေစစ်ကန် ဂါလန်သုံးသိန်းဆံ့ ရေစုကန်နှင့် ပန့်စက်အိမ်ထရန်စဖော်မာ မြို့ပေါ်ရပ်ကွက်များအတွင်း ရေပိုက်များလဲလှယ်ခြင်းလုပ်ငန်းများအား စတင်လုပ်ဆောင်လျက်ရှိရာ လုပ်ငန်းများဆောင်ရွက်
နေမှုအား ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အင်ဂျင်နီယာမှူး ဦးပြေကျော်နှင့် အငယ်တန်းအင်ဂျင်နီယာ(၂)ဦးကျော်ဇင်ညွန့်တို့က ဇွန် ၈ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ကန်တော်ကြီးဆည်ရေလှောင်ကန်သည် ၁၄၁ ဧကကျယ်ဝန်းပြီး ရေဝေရေလွှဲဧရိယာ ၁၃၈ဝ ဧကရှိရာ တစ်ရက်ရေဖြန့်ဝေပေးနိုင်သည့် ရေဂါလန် သိန်း ၂ဝ ဖြစ်သည်။ ယခုတစ်ရက် ဖြန့်ဝေပေးလျက်ရှိသည့် ရေဂါလန် ၇ သိန်းရှိသည်။
စီမံကိန်းပါ အပိုင်း (၁) နှင့် (၂) ပါ လုပ်ငန်းများအားလုံးအား ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် ပြီးစီးအောင်ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းပြီးစီးသွားပါက ပဲခူးမြို့ပေါ်ရှိရွာသစ်၊ ကျောက်ကြီးစု၊ သွန်းဘုရားဈေးပိုင်း၊ ပန်းလှိုင်၊ ညောင်မြောက်/တောင်၊ ရုံးကြီး၊ ရှင်စောပုဇိုင်းမြောက်ရပ်ကွက်များရှိ ပြည်သူများ ကြည်လင်သန့်ရှင်းသော သောက်သုံးရေများ ကောင်မွန်ပေါများစွာ အသုံးပြုနိုင်ကြမည်ဖြစ်သည်။

Credit To >>> The Mirror Daily 

0 comments:

Post a Comment