Wednesday, June 8, 2016

ခြေလျင်တပ်ဖွဲ့များ၌ အသုံးပြုရန် စစ်သည်တင်သံချပ်ကာယာဉ်အများအပြား တောင်ကိုရီးယား ထုတ်လုပ်မည်


တောင်ကိုရီးယားနိုင်ငံ ခြေလျင်တပ်ဖွဲ့များ၏စုစည်းမှုနှင့် စစ်ဆင်ရေးစွမ်းရည်တိုးတက်ကောင်း မွန်စေရေးအတွက် ပြည်တွင်းဖြစ် စစ်သည်တင်သံချပ်ကာယာဉ် အများအပြားကို ထုတ်လုပ်သွား မည်ဖြစ်ကြောင်း တောင်ကိုရီးယား စစ်လက်နက်ဝယ်ယူရေးအေဂျင်စီက ဇွန် ၇ ရက်တွင် ပြောကြားသည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ဘီးတပ်စစ်သည်တင်သံချပ်ကာယာဉ်များ ထုတ်လုပ်ရေးစီမံကိန်းကို ၂ဝ၁၂ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် မေ ၉ ရက်တွင် ၎င်းသံချပ်ကာယာဉ်တစ်စီးအား အပြီးသတ်အောင်မြင်စွာ စမ်းသပ်မောင်းနှင်နိုင်ခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေးလက်နက် အစီအစဉ်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ စစ်သည်တင်သံချပ်ကာယာဉ်များ ထုတ်လုပ်ရေး စီမံချက်ကို ဟွန်းဒိုင်းရိုတမ် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီက တာဝန်ယူလုပ်ဆောင် မည်ဖြစ်သည်။ စစ်သည်တင်သံချပ်ကာယာဉ်သစ်များကို ယခုလအတွင်း စတင်ထုတ်လုပ်ရန် စီစဉ်ထားပြီး ၂ဝ၂၃ ခုနှစ်အရောက်တွင် အစင်းရေ ၆ဝဝ အထိ ထုတ်လုပ်သွားမည်ဖြစ်ပြီး လာမည့် နှစ်မှစတင်ကာ တောင်ကိုရီးယားရှေ့တန်းတပ်ဖွဲ့များနှင့် နောက်တန်းစစ်ဒေသများတွင် ဖြန့်ကြက် ချထားမည်ဖြစ်သည်။
တောင်ကိုရီးယားခြေလျင်တပ်ဖွဲ့တွင် လက်ရှိ အသုံးပြုနေသည့် ကေ-၂ဝဝနှင့်ကေ-၂၁ အမျိုးအစား စစ်သည်တင်သံချပ်ကာယာဉ်များသည် တစ်နာရီလျှင်အမြန်နှုန်း ၇၄ ကီလိုမီတာ အထိသာ အမြင့်ဆုံးမောင်းနှင်နိုင်ပြီး အသစ်ထုတ်လုပ်မည့် ကေ-၈ဝ၈နှင့်ကေ-၈ဝ၆ အမျိုးအစား သံချပ်ကာယာဉ်များမှာ တစ်နာရီလျှင်အမြန်နှုန်း ကီလိုမီတာ ၁ဝဝ အထိမောင်းနှင်နိုင်သည်။
ကေ-၈ဝ၈ အမျိုးအစားသံချပ်ကာယာဉ်သစ်သည် ခြေလျင်စစ်သည်များအား လျင်မြန်စွာသယ်ယူပို့ဆောင်ပေးနိုင်ပြီး တောင်ထူထပ်သည့် ရှေ့တန်းစစ်မြေပြင်ဒေသတွင် ကင်းထောက်တာဝန်များ ထမ်းဆောင်နိုင်ပြီး ကေ-၈ဝ၆အမျိုးအစားသံချပ်ကာယာဉ်မှာ လှုပ်ရှားတိုက်ခိုက်ရေး နှင့် ကင်းထောက်တာဝန်များ ထမ်းဆောင်နိုင်ကြောင်း သတင်းတွင် ဖော်ပြသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment