Wednesday, June 8, 2016

နယ်စပ်ကုန်သွယ်ရေးစခန်းသစ် ခုနှစ် ထပ်ဖွင့်မည်


မြန်မာအစိုးရဟာ နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှု တိုးမြင့်အားပေးလိုတဲ့အနေနဲ့
နောက်ထပ် နယ်စပ်ကုန်သွယ်ရေးစခန်းသစ် ခုနှစ်ကို ထပ်မံဖွင့်လှစ်သွား
ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အစိုးရရဲ့ ၂၀၁၆-၀၇ ဘဏ္ဍာနှစ်ကနေ ၂၀၂၀-၂၁ အထိကာလတို ငါးနှစ်တာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ရဲ့ အောက်မှာ ယခုလို နယ်စပ်ကုန်သွယ်ရေး စခန်းတွေ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
ယခု နယ်စပ်ကုန်သွယ်ရေး စခန်းသစ် ခုနှစ်ကတော့ မယ်ဆယ်၊ ထန်တလန် ၊ ပလက်ဝ၊ ပန်ဆန်း(၀)၊ ပုံပါကျင်းနဲ့ ဘုရားသုံးဆူ စတဲ့ မြို့တွေမှာ တည်ထားမှာဖြစ်ပါတယ်။
လက်ရှိအချိန်ထိ တရုတ်၊ ထိုင်း၊ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေနဲ့ ထိ
စပ်နေတဲ့ နယ်စပ်ဒေသတွေမှာ နယ်စပ်ကုန်သွယ်ရေးစခန်း ၁၆ ခုထိ
လည်ပတ်လုပ်ဆောင်ပေးနေလျက်ရှိပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံရဲ့
အကြီးဆုံး နယ်စပ်ကုန်သွယ်ဘက် ဖြစ်ပြီးတော့ ယင်းနောက်မှာ ထိုင်းနိုင်ငံ ရှိနေပါတယ်။
အလားတူ မြန်မာ-လာအို နယ်စပ်မှာဆိုရင် ကျိုင်းလတ်နယ်စပ်ကုန်သွယ်ရေး စခန်းကို ယာယီ ဖွင့်လှစ်ပေးထားပါတယ်။
လက်ရှိမှာတော့ မြန်မာအစိုးရဟာ တရုတ်၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေနဲ့ ထိ
စပ်နေတဲ့ နယ်စပ်တွေမှာ ကုန်သွယ်ရေးစခန်းသစ်တွေ ထပ်ဖွင့်ဖို့ စီစဉ်
နေပြီး စက်မှု ထုတ်ကုန်တွေ၊ ကုန်ကြမ်းပစ္စည်းတွေနဲ့ စိုက်ပျိုးရေး
ထုတ်ကုန်တွေကို တိုးမြင့်ကုန်သွယ်ဖို့ ပြင်ဆင်နေပါတယ်။
နိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုဟာ ယခုနှစ် ဧပြီ ၁ ရက်ကနေ မေ ၂၇ အထိ
ဒေါ်လာ ၈၁၉ သန်း ထိ ရရှိထားခဲ့ပါတယ်။

Credit To >>> SFJ Strategy First Journal 

0 comments:

Post a Comment