Wednesday, June 1, 2016

ရက် ၁ဝဝ အတွင်း ပျားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှုကြောင့် ပြည်သူများ အလုပ်အကိုင်ရရှိလာ

မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ဆည်ရွာကျေးရွာ
တွင်တည်ရှိသော ပျားလုပ်ငန်းဌာနအနေဖြင့် ရက်ပေါင်း
၁ဝဝ အတွင်း ပျားရည်များထုတ်လုပ်ပေးခြင်း၊
ပျားအုံများတိုးပွားရေး ဆောင်ရွက်ပေးခြင်း၊ ဝတ်မှုံကူးခြင်းလုပ်ငန်း
များ ဝန်ဆောင်မှုပေးခြင်း၊ တိုးချဲ့ပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ပျားများရောဂါကင်းရှင်းရေး ဆောင်ရွက်
ပေးခြင်း၊ ပျားလုပ်ငန်းလုပ်ကိုင်သူများ စနစ်တကျရှိရေး လုပ်ငန်းလိုင်စင်များစစ်ဆေးပေးခြင်း၊ ပုဂ္ဂလိကပျားမွေးမြူ
ရေးလုပ်ငန်းများတိုးတက်ရေး ကူညီဆောင်ရွက်ပေးခြင်း၊ ပျားဘုရင်မများ မွေးမြူဖြန့်ဖြူးပေးခြင်း၊ ပျားမွေးမြူရေးလုပ်
ငန်းများ စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ
သည်။
စဥ့်ကိုင်မြို့နယ်အတွင်းတွင် ရက်ပေါင်း ၁ဝဝ အတွင်း
ပျားမွေးမြူရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ပေးမှု
ကြောင့် ပျားရည်နှင့်ပျားအုံများ စနစ်တကျဖွံ့ဖြိုးတိုးတက်
မှုရှိခြင်း၊ ပြည်သူများစိုက်ပျိုးထားသော သီးနှံများဖွံ့ဖြိုး
တိုးတက်ပြီး အောင်မြင်မှုရရှိခြင်းအကျိုးကျေးဇူးများရရှိလာသည်။
ပျားရည်အထွက်နှုန်းပိုမိုရရှိခြင်း၊ ပြည်သူများထံသို့ ပျားမွေးမြူရေးနည်းပညာများ ပြန့်ပွားခြင်း၊ပျားမွေးမြူ သူများ၏ ပျားစခန်းများမှ ပျားအုံများရောဂါပြန့်ပွားမှု မရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်း၊ ပျားဘုရင်မအသစ် များ မွေးမြူပေးမှုကြောင့် ပျားရည်အထွက်နှုန်းပိုမိုကောင်း မွန်စေခြင်း၊ ပျားမွေးမြူသူများအနေဖြင့် လိုင်စင်သက် တမ်းကုန်ဆုံးခြင်းနှင့် လိုင်စင်မဲ့ မွေးမြူသူများမရှိအောင် ဖော်ထုတ်ပေးနိုင်ခြင်းများ ဆောင်ရွက်ပေးထားကြောင်း ပြည်သူများ အလုပ်အကိုင်ရရှိစေကြောင်း စဥ့်ကိုင် မြို့နယ် ပျားလုပ်ငန်းဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းကိုက ပြောပြသည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment