Wednesday, June 1, 2016

ရှမ်းပြည်နယ် (မြောက်ပိုင်း)သို့ ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်မှု လျော့နည်းသော်လည်း အသွားအလာမပျက်ရှိ


ရှမ်းမြောက်ဒေသ၌ လတ်တလောရာသီဥတုအခြေအနေနှင့် တိုက်ပွဲဖြစ်ပွားမှုအခြေအနေ တို့ကြောင့် ပြည်ပဧည့်သည်များအဝင်နည်းပါးသွားခဲ့သည်။ သို့သော် လုံးဝလျော့နည်း သွားခြင်းမဟုတ်ဘဲအလာမပျက်ရှိနေကြောင်း သိရသည်။ ယခင် သီပေါဘူတာမှ မီးရထား ဖြင့်ပြန်သူ နိုင်ငံခြားသား ၃ဝကျော်မျှရှိခဲ့သည်။

ယခုရက်ပိုင်းအတွင်း ရထားစီးပြန်သူနိုင်ငံခြားသားများ သိသာစွာနည်းပါးသွားသည် ဟု ရထားဝန်ထမ်းတစ်ဦးက ပြောသည်။ နိုင်ငံခြားသားများ စိတ်ဝင်စားသော ဟော် အဆောက်အအုံနှင့် ဒေသအလှအပများတည်ရှိရာ သီပေါမြို့သို့ မော်တော်ကား၊ မီးရထား လမ်းနှစ်သွယ်ဖြင့်လာရောက်တတ်ကြသည်။ အချို့က မော်တော်ကားဖြင့် လာ၍ အပြန်ရထားစီးပြန်ကြသည်။ အချို့ကရထားဖြင့်လာပြီး အပြန်ကားစီး၍ ပြန်ကြ သည်။ မော်တော်ကားဖြင့်လာလျှင် အကွေ့အထပ်ပေါင်းများစွာနှင့် ဂုတ်တွင်း ကားလမ်းအလှကိုတွေ့မြင်ရသည်။ ရထားစီး၍ပြန်လျှင် နာမည်ကျော်ဂုတ်ထိပ်တံတား ကြီးကို ကြည့်ရှုမှတ်တမ်းတင်နိုင်ကြသည်။ မီးရထားဖြင့်ပြန်သူများသည် အမှတ် (၁၃၂) လူစီးလားရှိုး-မန္တလေးအစုန်ရထားကိုပတ်စပို့လက်မှတ်ပြ၍ လက်မှတ်ဝယ်ယူကြရသည်။ ရထားခမှာ သီပေါမှ ပြင်ဦးလွင်အထိ အထက်တန်းတွဲ တစ်စောင်လျှင် မြန်မာကျပ်ငွေဖြင့် ၂၇၅ဝ ကျပ်၊ မန္တလေး အထိ ၃၉၅ဝ ကျပ်ဖြစ်သည်။ ပထမတန်းနှင့် ရိုးရိုးတန်း တွဲများလည်း ပါရှိသည်။ အထက်တန်းတစ်တွဲနှင့် ရိုးရိုး တန်းတစ်တွဲကို ပြင်ဦးလွင်၌ဖြုတ်၍ ချန်ထားခဲ့ကြောင်း သိရသည်။
မီးရထားလမ်းခရီးစဉ်တွင် နောင်ပိန်ဘူတာနှင့် နောင်ချို ကြားတွင် နာမည်ကျော် ဂုတ်ထိပ်တံတားကြီးကို ဖြတ်သန်း ခုတ်မောင်းရသည်။ ဂုတ်ထိပ်တံတားကြီးပေါ်မှ ရထားခုတ်မောင်းဖြတ်သန်းစဉ် ဂုတ်ထိပ်တံတားအလှကို ကြည့်ရှုခံစားကြရသည်။ ဂုတ်ထိပ်တံတားကြီးအလွန် နောင်ချိုဘက်ကမ်း၌ ဂုတ်ထိပ်ဘူတာရုံ ရှိသည်။ နှစ်ပေါင်း ၁ဝဝ ကျော်က ဂုတ်ထိပ်တံတားကြီးနှင့်အတူ ပေါ်ပေါက် တည်ရှိလာခဲ့သော သမိုင်းဝင်ဘူတာရုံလေး ဖြစ်သည် ဟုလည်း ဒေသခံများက ပြောကြသည်။ အဆိုပါ ဘူတာရုံလေးတွင် ခေတ္တရပ်နားသော ရထားပေါ်မှ ဆင်း၍ ဂုတ်ထိပ်တံတားအလှကိုလည်း မှတ်တမ်းတင် ရိုက်ကူးကြသည်။ မြန်မာနိုင်ငံ၏ သာယာလှပသော ရှုခင်းများနှင့် နာမည်ကျော် ဂုတ်ထိပ်မီးရထားသံလမ်း တံတားကြီးကို ကြည့်ရှုမှတ်တမ်းတင်သွားမှ လာရောက် ရကျိုးနပ်သည်ဟု ယုံကြည်ကြောင်း၊ နောက်ထပ်လည်း လာနိုင်ပြီး ယခုလို ရထားစီး၍ ပြန်နိုင်ဖို့ ကြိုးစားသွား ဦးမည်ဖြစ်ကြောင်း သီပေါဘူတာတွင် တွေ့ဆုံခဲ့ရသော နယ်သာလန်နိုင်ငံသူတစ်ဦးက ပြောကြားသည်။ နိုင်ငံခြားသားခရီးသွားများကြောင့် မန္တလေး-ပြင်ဦးလွင်၊ တောင်ကြီး-ရန်ကုန် ခရီးသည်တင် မော်တော် ယာဉ်များနှင့် မီးရထားဝင်ငွေလည်း အထိုက်အလျောက် ရရှိနေကြောင်း သိရသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment