Tuesday, May 31, 2016

အာဆီယံ-ဟောင်ကောင် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ် အတွက် ယခုနှစ်အတွင်းအပြီးသတ်ဆွေးနွေးသွားမည်

အာဆီယံနဲ့ ဟောင်ကောင်အကြား လွတ်လပ်တဲ့ ကုန်သွယ်မှုဆိုင်ရာ
သဘောတူညီချက်တစ်ခုရဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေဟာ
ယခုနှစ်အတွင်း အပြီးသတ်နိုင်တော့မယ်လို့ သတင်းတစ်ရပ်မှာ
ဖော်ပြထားပါတယ်။
နှစ်ဘက်အကြား ကုန်သွယ်မှုတွေ တိုးမြင့်ဖို့၊ ၀န်ဆောင်မှုနဲ့
ရင်းနှီးမြှုပ်နှံမှုတွေ မြင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ယခုလို လွတ်လပ်တဲ့
ကုန်သွယ်ရေး သဘောတူညီချက်ရဖို့လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။
ကုန်သွယ်မှု ညှိနှိုင်းရေးဌာန ဒုညွန်ချုပ် Ronnarong Phoolipipat က
ထိုင်းနိုင်ငံ ဘက်က ညှိနှိုင်ရေးအဖွဲ့ကို ဦးဆောင်လာ ပြီးတော့
ယခုလို ခုနှစ်ကြိမ်မြောက် အာဆီယံ-ဟောင်ကောင် ကုန်သွယ်မှု
ညှိနှိုင်းရေးဆိုင်ရာ ကော်မတီအစည်းအဝေးတစ်ရပ်မှာ
ဆွေးနွေးနေတာလည်းဖြစ်ပါတယ်။ ယင်းအစည်းအဝေးတွေကိုတော့
မေလ ၂၉ ရက်စပြီးတော့ ဟောင်ကောင်မှာ
ဆွေးနွေးနေတာလည်းဖြစ်ပါတယ်။
လက်ရှိအချိန်မှာ နှစ်ဘက်အကြား ဆွေးနွေးမှုတွေက အရေးကြီးတဲ့
အဆင့်ကိုရောက်ရှိနေပြီဖြစ်ပြီးတော့ လာမယ့် သြဂုတ်လမှာ
အပြီးသတ်နောက်ဆုံးအစည်းအဝေးတစ်ခုကျင်းပပြီးချိန်မှာ
အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
" ဆွေးနွေးပွဲတွေရဲ့ ခုအဆင့်က အရေးကြီးလာပါပြီ၊ ကုန်သွယ်မှု၊
ဝန်ဆောင်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု၊ စည်းမျဉ်းဥပဒေတွေပိုင်းမှာ
သဘောတူနိုင်ဖို့ ရှိနေပါတယ်၊ အာဆီယံ-ဟောင်ကောင်နှစ်ဘက်စလုံးက
ဒီဆွေးနွေးမှုတွေကို ခုနှစ်ထဲမှာ အပြီးသတ်နိုင်ဖို့ ရည်မှန်းထားပါတယ်"
ဆိုပြီး Ronnarong က ပြောပါတယ်။
ခြောက်ကြိမ်မြောက် ဆွေးနွေးညှိနှိုင်းပြီးရာမှာတော့ အကောင်ခွန်ဆိုင်ရာ
လုပ်ထုံးလုပ်နည်းပိုင်း၊ ကုန်သွယ်မှု လွယ်ကူမြန်ဆန်ရေးပိုင်း၊
ကုန်သွယ်မှုအတားအဆီးတွေ ဖယ်ရှားရေးနဲ့ စီးပွားရေး
ပူးပေါင်းဆောင်ရွက်မှုပိုင်း စတဲ့ ကဏ္ဍတွေမှာ သဘောတူညီမှု
ရထားပြီးဖြစ်ပါတယ်။
ယခု အာဆီယံ-ဟောင်ကောင် လွတ်လပ်တဲ့ကုန်သွယ်ရေးသဘောတူ
စာချုပ်ဟာဆိုရင် ပါဝင်မယ့်နိုင်ငံတွေအားလုံးအတွက် နည်းလမ်းအမျိုးမျိုးနဲ့
အကျိုးဖြစ်ထွန်းစေနိုင်မှာဖြစ်တယ်လို့ Ronnarong က
ပြောသွားပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment