Tuesday, May 31, 2016

မန္တလေးမင်္ဂလာဈေးကြီးမီးလောင်မှုကို မြန်မာ့အာမခံက ကျပ်သန်း ၇၈၀ကျော်ပေးလျော်


ယခုနှစ်မတ် ၂၂ ရက်နေ့က မီးလောင်ကျွမ်းခဲ့သည့် မန္တလေးမြို့ရှိ မင်္ဂလာဈေးကြီးမီး လောင် ပျက်စီးထိခိုက်မှု များအတွက် အာမခံလျော်ကြေး ငွေကျပ်သန်းပေါင်း ၇၈၀ ကျော်ကို မြန်မာ့အာမခံလုပ် ငန်းမှ မေ ၃၀ ရက်နေ့ကပေးလျော် ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အာမခံလျော်ကြေး ငွေများကို မြန်မာ့အာမခံလုပ်ငန်း (ရုံးချုပ်)၌ အာမခံထားရှိသူများကို အာမခံလျော်ကြေး ငွေကျပ် ၇၈၁ ဒသမ ၈၆၀၆၈၇ သန်းကိုပေးလျော် ခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှသိရသည်။
မြန်မာ့အာမခံလုပ်ငန်းမှ ဦး ဆောင်ညွှန်ကြားရေးမှူး ဦးအေး မင်းသိန်းက " လူကြောင့်၊ သဘာဝ ကြောင့်ဆုံးရှုံးမှုအတွက် မျှဝေ အကာ အကွယ်ပေးတာပါ။ မန္တလေးမင်္ဂလာ ဈေးမီးလောင်မှုမှာဆို မြန်မာ့အာမခံ မှာ အာမခံထားရှိတဲ့ ပေါ်လစီ ၆ စောင် မီးလောင်မှုမှာပါဝင်ခဲ့တယ်။ ဒီအတွက် လျော်ကြေးငွေများအပါ အ၀င် စတိုးဆိုင်မီးလောင် မှုလျော် ကြေးငွေ ၊ စပါးသိုလှောင်ရုံ မီးလောင် မှုလျော်ကြေးငွေ၊ မြေအောက်ကေ ဘယ်လ်ကြိုးထိခိုက်မှု လျော်ကြေးငွေ စုစုပေါင်းကျပ်သန်း ၇၈၁ ကို ဒီနေ့ ပေါ်လစီရှင်တွေ ကို ပေးလျော်ခဲ့တာ ဖြစ်ပါတယ်" ဟု ပြောသည်။
ယင်းအာမခံလျော်ကြေးငွေ များတွင် မန္တလေးမြို့ရှိမင်္ဂလာဈေး ကြီးမီးလောင် မှု၌ ပျက်စီးမှုများ အတွက် အာမခံလျော်ကြေးငွေကျပ် သန်းပေါင်း ၅၅၅ သန်းကျော်၊ မန္တလေး မြို့ရှိရွှေယမုံစတိုးဆိုင်(၂) မီးလောင် မှုအတွက် လျော်ကြေးငွေ ကျပ် ၈၉ သန်းကျော် ၊ မော်လမြိုင် ကျွန်းမြို့၊ ကျိုက်ပိကျေးရွာရှိ စပါးသိုလှောင်ရုံ မီးလောင်မှုအတွက် လျော်ကြေးငွေ ကျပ်၁၆၆သန်းကျော်နှင့် ရွှေတောင် ဖွံ့ဖြိုးမှုကုမ္ပဏီလီမိတက်မှ ဖျာပုံ မအူပင်လမ်းပိုင်း ဖော်လုပ်နေမှုအတွက် ကန်ထရိုက်တာအလုံးစုံအာမခံ မှ မြေ အောက်ကေ ဘယ်လ်ကြိုး ထိခိုက်မှု အတွက် အာမခံလျော်ကြေး ငွေကျပ် ငါးသိန်းကျော်တို့ ပါဝင်သည်။
ဦးအေးမင်းသိန်းက " မီးအာမ ခံကို အစိုးရ ဒါမှမဟုတ် ပုဂ္ဂလိက ဘဏ်တစ်ခုခုကနေ ငွေချေးတဲ့သူပဲ ထားကြတာများတယ်။ ဘဏ်ကငွေ မချေးဘဲနဲ့ ကိုယ့်အိမ်ကို မီးအာမခံ ထားတယ်ဆိုတာကရှားတယ်။ အိမ် ကတော့ အရေအတွက်စာရင်းအတိ အကျပြောလို့မရပေမယ့် ၁၀၀မှာ ၅ယောက်လောက်ပဲ မီးအာမခံထား တယ်။ ခန့်မှန်းခြေပြောရရင် ၅ရာခိုင် နှုန်းထက်မပိုဘူး။ ဘဏ်ကငွေချေး တဲ့သူတွေကတော့ အများဆုံးထားရှိ တယ်" ဟုပြောသည်။
လက်ရှိ မြန်မာ့အာမခံလုပ်ငန်း ၌ ဆောင်ရွက်လျက်ရှိသော မီးအာမ ခံတွင် အဆောက်အအုံ၊ ပရိဘောဂ၊ စက်ပစ္စည်း၊ ကုန်ပစ္စည်းများ မီးလောင် ဆုံးရှုံးမှုအတွက် အကာအကွယ်အပြင် ယင်းအာမခံနှင့်တွဲဖက်၍ ရေကြီး ရေလျှံခြင်း၊ လေပြင်းမုန်တိုင်း အမျိုး မျိုး၊ မြေငလျင်၊ မီးငလျင်ကြောင့် ပျက် စီးမှု၊ ပေါက်ကွဲမှု၊ အလိုအလျောက် မီးစွဲလောင်ကျွမ်းခြင်း၊ ဖောင်ထွင်း ခိုးယူမှု မီးအပါအ၀င် အဓိကရုဏ်း ဖျက်ဆီးမှု၊ မသမာဖျက်ဆီးမှု၊ မြေကျွံ၊ မြေပြိုမှု၊ လေယာဉ်ဖြင့် ထိခိုက်ပျက် စီးမှု၊ ကုန်းလမ်းသွားယာဉ်များဖြင့် ထိခိုက်ပျက်စီးမှုနှင့် စစ်ဘေးအန္တရာယ် အပိုအကာအကွယ်များ ထားရှိနိုင် ကြောင်းသိရသည်။
ယင်းနှင့်ပတ်သက်၍ Sweety Home Industry Co.,Ltd မှ တာ ၀န်ရှိသူတစ်ဦးက " မန္တလေးမင်္ဂလာ ဈေးမီးလောင်မှုကြောင့် ပစ္စည်းတွေ အားလုံးပျက်စီးဆုံးရှုံးခဲ့တယ်။ ငွေ ကျပ်သိန်းသုံးထောင်လောက် ဆုံး ရှုံးခဲ့တယ်။ ဆုံးရှုံးခဲ့တဲ့အတိုင်းပြန် ရခဲ့ပြီး ထိထိရောက်ရောက် အကာ အကွယ်ပေးနိုင်ခဲ့တယ်။ ဒါကြောင့် နောင်လည်း အာမခံကိုလည်းဆက် လက်ထားရှိသွားမှာပါ" ဟု ပြောသည်။
Credit To >>> Democracytoday‬

0 comments:

Post a Comment