Monday, May 9, 2016

ဓားပြအဖွဲ့တပ်မတော်ထံ လက်နက်ချအလင်းဝင်

 မွန်ပြည်နယ်နှင့်တနင်္သာ ရီတိုင်းဒေသကြီး နယ်စပ်တွင် လှုပ်ရှားနေသည့် ဓားပြအဖွဲ့သည် တပ်မတော်ထံ လက်နက်ချအလင်းဝင်ခဲ့ကြောင်း ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ သိရသည်။

ရန်ကုန်-ထားဝယ် ပြေးဆွဲ သည့် ခရီးသည်တင်ယာဉ်အချို့ ကို ဓားပြတိုက်ခဲ့သည်ဟု သတင်း ထွက်ပေါ်ခဲ့သည့် မွန်ချမ်းဆိုသူ ဦးဆောင်သော အဖွဲ့ဝင် ၁၈ ဦး ပါအဖွဲ့သည် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တနင်္သာရီတိုင်းဒေသကြီး ကလိန် အောင်မြို့နယ် အခြေစိုက် ခလရ (၂၈၀) သို့ မေလ ၆ ရက်က အ လင်းဝင်ခဲ့သည်။
ကမ်းရိုးတန်းဒေသ တိုင်းစစ် ဌာနချုပ်မှ တပ်မတော်အရာရှိ တစ်ဦးက ‘‘သူတို့က နဂိုမွန်ဓားပြ အဖွဲ့အနေနဲ့ နေတာပေါ့။ တပ်ကို ဆက်သွယ်တယ်။ ကျွန်တော်တို့ ကွပ်ကဲမှုအောက် ခလရ(၂၈၀)နဲ့ ဆက်သွယ်ပြီး ၀င်တာပါ’’ဟုပြော သည်။ ၎င်းတို့က လက်နက် ၁၂ လက်ကိုပါ မြန်မာ့တပ်မတော်ထံ အပ်နှံခဲ့ကြောင်းပြောသည်။
မွန်ချမ်းဆိုသူသည် ၂၀၁၂ မတ်လ ၆ ရက်က ခေါဇာမြို့နယ် အခြေစိုက် ခလရ(၃၁)ထံသို့ အ လင်းဝင်ခဲ့ဖူးပြီး ၂၀၁၄ တွင် ပြန် လည် တောခိုသွားခဲ့သူဖြစ်ကာ ဓားပြတိုက်မှုများ မကြာခဏကျူး လွန်ကြောင်း၊ ယခုအခါလက်နက် ချ အလင်းဝင်လာပြီး ပြည်သူ့ စစ် တပ်အနေဖြင့် ဆက်လက်ရပ် တည်မည်ဟု သတင်းများထွက် ပေါ်နေသောကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း ရေးမြို့နယ် မှ လူမှုရေးအဖွဲ့ဦးဆောင်သူတစ် ဦးကပြောကြားသည်။
‘‘ဒီအဖွဲ့ကို ကျွန်တော်တို့ ဒေသက လူတွေ၊ မွန်ပြည်နယ် ဒေသက လူတွေက တစ်ယောက် မှ မလိုလားဘူး။ သူက အရင်တုန်း ကလည်း ၀င်လာပြီးပြန်ထွက်။ အခုလိုမျိုး အလင်းဝင်တာကို သဘောကျတယ်။ ပြန်လည်ပြီး လက်နက်တပ်ဆင်ပြီးတော့မှ ပြည်သူ့စစ်အနေနဲ့ လုပ်မယ်ဆို တာ ကြားရတဲ့အတွက် ဒေသမှာ စိုးရိမ်ထိတ်လန့်နေရတယ်’’ဟု ပြောသည်။
၂၀၁၅ က မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးနယ်စပ် ရေး-ထားဝယ် ကားလမ်းပိုင်းတွင် ခရီးသည်တင်ယာဉ် အချို့ကို ဓား ပြတိုက်မှုနှင့်သေနတ်ဖြင့် ပစ်ခတ် မှု သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ ပြီး မွန်ချမ်းဓားပြအဖွဲ့၏ လက် ချက်ဖြစ်ကြောင်း အမှုလိုက်ရဲ အရာရှိများက ပြောသည်။
‘‘သူတို့က တနင်္သာရီနဲ့ မွန် ပြည်နယ်ကို ခွပြီး သောင်းကျန်း နေတာ။ ခွပြီး ဓားပြတိုက်စားနေ တာ’’ဟု မွန်ပြည်နယ်မှ အမည်မ ဖော်လိုသော ရဲအရာရှိတစ်ဦးက ပြောသည်။
လတ်တလောတွင် မွန်ချမ်း ကျူးလွန်သည့် အမှုများမရှိသေး ဘဲ ရေးမြို့နယ်တရားရုံးတွင်အမှု စွဲခံထားရသည်ဟူသော သတင်း များကို ပြန်လည်စုံစမ်းရန်လိုပြီး မှန်ကန်ပါက ဥပဒေအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း မွန် ပြည်နယ်ရဲတပ်ဖွဲ့ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဘိုဘိုဦးကပြောသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment