Monday, May 9, 2016

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မေ(၉)ရက် နံနက် (၁၀) နာရီမှာ တာဝန်ပြီးဆုံးပြီဖြစ်တာကြောင့် ပြန်လည်ထွက်ခွာတော့မယ့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Vasily Borisovich Pospelov ကို နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံတယ်လို့သိရပါတယ်။
အဲဒီလိုတွေ့ဆုံရာမှာ ရှည်လျားတဲ့ သမိုင်းကာလတစ်လျှောက်နဲ့ လက်ရှိ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေ၊ မြန်မာ-ရုရှား စစ်ဘက်နည်းပညာ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာတွေ၊ တပ်မတော်နှစ်ရပ်ကြား အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်တွေ၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကိစ္စရပ်တွေ၊ နိုင်ငံတကာဆက်ဆံရေး အခြေအနေတွေနဲ့ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု ဆက်လက်တိုးမြှင့်နိုင်မယ့် အခြေအနေတွေကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြတယ်လို့သိရပါတယ်။ ဒီသတင်းကို Central News Bureau ကပေးပို့တာဖြစ်ပါတယ်။
Credit To >>> Central News Bureau

0 comments:

Post a Comment