Tuesday, May 10, 2016

မြန်မာရွှေ့ပြောင်းလုပ်သားများ ထိုင်းနှင့် တန်းတူအခွင့်အရေးရအောင် တဖြည်းဖြည်းတိုးမြှင့်ပေးသွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဆို

မြန်မာရွှေ့ ပြောင်းလုပ်သားများကို ထိုင်းလုပ် သားနည်း တူတန်း တူအခွင့်အရေးရရှိ အောင် တဖြည်းဖြည်း တိုးမြှင့်ဆောင် ရွက်သွားမည်ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီးကပြောသည်။

ထိုင်း-မြန်မာနှစ်နိုင်ငံချစ်ကြည် ရေးခရီးစဉ်အဖြစ် ထိုင်းဝန်ကြီးချုပ် ၏ အထူးကိုယ်စားလှယ်အဖြစ် ရောက် ရှိနေသည့် ထိုင်းနိုင်ငံခြားရေးဝန် ကြီး မစ္စတာဒွန်ပရာမွတ်ဝီနိုင်းနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစု ကြည်တို့ မေ ၉ ရက် မွန်းလွဲ ၂ နာရီ ခွဲက နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် တွေ့ဆုံဆွေးနွေး ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်း ပွဲပြုလုပ်ရာတွင် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုထိုင်းနိုင်ငံခြားရေးဝန် ကြီး၏ခရီးစဉ်သည်နှစ်နိုင်ငံ အကျိုးရှိစေမည့်ခရီး စဉ်ဖြစ်ကြောင်း၊ ထိုင်း ရောက်မြန်မာရွှေ့ပြောင်းလုပ် သား များ အနက် မှတ်ပုံတင်ထားရှိသည့် မြန်မာလုပ်သား ၁ ဒသမ ၅၉ သန်း ခန့်ရှိကြောင်း၊ ယခုတွင် အဆိုပါ လုပ်သားများ၏ သားသမီး များ ပညာ သင်ခွင့်ရရှိလျက် ရှိပြီး၊ ထိုင်းလုပ် သားများနည်းတူကျန်းမာရေးဆေး ကုသခွင့်ရရှိ ထားပြီးဖြစ်ကြောင်း၊ ထိုင်းလုပ်သားများနည်း တူအခွင့်အ ရေးများ တန်းတူရရှိရေးအတွက် တ ဖြည်းဖြည်းတိုးမြှင့်ဆောင်ရွက်သွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်းသိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သားများ နှင့်ပတ်သက်သည့်အစီအစဉ်ကို ထိုင်းတစ်နိုင်ငံတည်းမဟုတ်ဘဲ မြန်မာ ဘက်မှလည်း တာဝန်ယူဆောင်ရွက် ရမည့်အစီအစဉ်များရှိကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး၊ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။
ယခုတွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြားဆက်ဆံရေးနှင့်ပူးပေါင်းဆောင် ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံကဏ္ဍစုံတွင် စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ အထူးသ ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက် ရေး၊ ထားဝယ်အထူးစီးပွားရေးဇုန် တွင် မြန်မာ၊ ထိုင်း၊ ဂျပန် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ တာဝန်သိ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်း ခွင် ကျွမ်းကျင်မှုသင်တန်းများ နှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုး ရေး နယ်ပယ်များတွင် ပူးပေါင်းဆောင် ရွက်မှုများတိုးမြှင့်ဆောင် ရွက်ရေး စသည့်ကိစ္စရပ်များကိုလည်း ဆွေး နွေးခဲ့ကြောင်းသိရသည်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားများနှင့်ပတ်သက်၍ ထိုင်း နိုင်ငံအခြေစိုက် တွဲလက်ညီလူမှုကူ ညီရေးအသင်းမှ ကိုစောမြတ်ချိုက " ထိုင်းအလုပ်သမားဥပဒေအရ ထိုင်း မှာရှိတဲ့မြန်မာလုပ်သားတွေကို တန်း တူအခွင့်အရေးပေးထားပြီးသား ပါ။ ပြောတဲ့အတိုင်းလက်တွေ့အ ကောင် အထည်မဖော်နိုင်လို့အခုလို ပြဿ နာတွေဖြစ်နေတာပါ။ မြင်လွယ် တာကိုပြောရ ရင် ထိုင်းအခြေခံလစာ ကို ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုအားလုံးကို ဘတ် ၃၀၀ပေး ဖို့သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အချို့စက်ရုံတွေက အခုအချိန်ထိ ဘတ် ၃၀၀ မပေးတာအများကြီး ပါ" ဟု ပြောသည်။
မြန်မာလုပ်သားများအပေါ် ထိုင်းရဲများကအထောက်အထား ရှိ သော်လည်းဖမ်း ဆီးငွေညှစ်ခြင်း များကို ထိုင်းအစိုးရအနေဖြင့် ထိ ရောက်စွာကိုင်တွယ်ဖြေရှင်းစေလို ကြောင်း၊ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ လေးထပ်ရဲတပ်ဖွဲ့ရုံးအောက်ဘက် အခန်း တွင် နေ့စဉ်နှင့် အမျှ မြန်မာ လုပ်သားများကိုထိုင်းရဲများက ဖမ်း ဆီးငွေညှစ်မှုများရှိနေပြီး တရားဝင်ခွင့်ပြု ထားသ လိုဖြစ်နေကြောင်း ၊ ယင်း ကြောင့် လူကြားကောင်းအောင်ပြော ဆိုနေခြင်းထက် လက်ရှိ ရှိပြီးသား ဥပဒေများအတိုင်း တိကျစွာဆောင် ရွက်သင့်ကြောင်း ကိုစောမြတ်ချိုက ထောက်ပြပြောဆိုသည်။
ထိုင်းနိုင်ငံဘန်ကောက်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ လုပ်သား ကိုဌေးအောင်က " ထိုင်း အလုပ်သမားနဲ့မြန်မာအလုပ် သမား ကွာတာမှ အပုံကြီးကွာတယ်။ ထိုင်း လူမျိုးမလုပ်ချင်တဲ့လုပ်ငန်းအတွက် ပဲခေါ်တာပါ၊ မိန်းကလေးဆို အိမ် ဖော်ပါ၊ ယောက်ျားလေး ဆို အလုပ် ကြမ်းပါ။ လုပ်ငန်းခွင်ထဲမှာလည်း ခွဲ ခြားဆက်ဆံမှုရှိနေပါ တယ်။ မြန်မာ လှေ လုပ်သားတွေ ဆို ပိုဆိုးပါတယ်။ သူတို့ဆိုလူမျိုးရေးခွဲခြားခံရတာတွေ ရှိပါတယ်။ နိုင်ငံခြားသားလုပ်သား မှန်သမျှ အလုပ်ကြမ်းဘဲလုပ်ရမယ် ဆိုတဲ့အမျိုးသားလုံခြုံရေးစည်းနဲ့ကာ ထားပါတယ်" ဟု ပြောသည်။
Credit To >>> Democracy Today

0 comments:

Post a Comment