Monday, February 20, 2017

အိမ်ရာတိုက်ခန်းတွေကို ကျပ်သိန်းတစ်ရာအောက်အထိ လျှော့ချရောင်းပေးနိုင်ဖို့ စီစဉ်သွားမယ်လို့ဆို

Image may contain: sky and outdoor
တန်ဖိုးနည်းအိမ်ရာတွေ အကောင်အထည်ဖော်နေပေမယ့် ကျပ်သိန်းတစ်ရာအထက်တွေဖြစ်နေတာကြောင့် ယင်းတန်ဖိုးအောက်လျှောချရောင်းချနိုင်ဖို့ စီစဉ်နေတယ်လို့ ဆောက်လုပ်ရးဝန်ကြီးဌာန မြိုပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတာဝန်ရှိသူတွေထံကသိရတာပါ။

ဝင်ငွေနည်းပြည်သူတွေအတွက် ဦးတည်အကောင်အထည်ဖော်နေတဲ့ အိမ်ရာတွေဖြစ်လို့ ရောင်းချတဲ့ဈေးနှုန်း တွေကိုပြည်သူတွေလက်လှမ်းမီအောင် လျှော့ချပေးရာမှာဖြစ်ပြီး ဝန်ကြီးဌာနပိုင်းက ယင်းရည်မှန်းချက်ကို အောင်မြင့်အောင် အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးဦးမင်းအောင်အေးက “ ပြည်ထောင်စုဝန်ကြီးကလည်း အိမ်ရာတွေက သိန်းတစ်ရာအထက်တွေဖြစ်လို့ ဒီထက်တန်ဖိုးလျှောချနိုင်ဖို့ လမ်းညွှန်ထားတာလည်းရှိပါတယ်၊ ကျွန်တော်တို့တွေဝင်ငွေနည်းပြည်သူတွေကို လက်လှမ်းမိစေချင်တာဆိုတော့ ဒါကိုဖြစ်အောင်လုပ်ရမှာပါ”လို့ ပြောပါတယ်။

ဝန်းကြီးဌာနအနေနဲ့ လက်ရှိတည်ဆောက်ဆဲတိုက်ခန်းတွေနဲ့ထမ်မံအကောင်အထည်ဖော်မဲ့ အိမ်ရာတိုက်ခန်း ပေါင်းက တစ်သောင်းကျော်အထိရှိနေပြီးေ ဆာက်လုပ်ရေးနဲ့အိမ်ရာဖွံ့ဖြိုးရေးဘဏ် စာရင်းတွေအရ မြို့နယ်အ လိုက် အိမရာလိုအပ်ချက်တွေအတိုင်း တည်ဆောက်သွားမှာလည်းဖြစ်တယ်လို့ သိရပါတယ်။

တန်ဖိုးနည်းအိမ်ရာတွေကို ဝန်ကြီးဌာနပိုင်းကဦးဆောက်အကောင်အထည်ဖော်နေသလို ပုဂ္ဂလိကဆောက်လုပ် ရေးလုပ်ငန်းတွေကလည်း အကောင်အထည်ဖော်ဖို့ရှိနေပြီး မြေနေရာရရှိပါက တန်ဖိုးနည်းအိမ်ရာတွေအပြိုင်အ ဆိုင်ပေါ်လာဖို့ရှိတယ်လို့လည်း ယင်လုပ်ငန်းရှင်းအသိုင်းအဝိုင်းတာဝန်ရှိသူတွေထံကသိရတာပါ။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment