
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က လှည်းကူးမြို့နယ်အတွင်းရှိ ရတနာအောင်ကျေးရွာသစ် စီမံကိန်းဟု ခေါ်ဆိုသော နေရာတွင် တည်ရှိသော ကျူးကျော်အိမ်ခြေ ထောင်ဂဏန်းကို အင်အားသုံး ဖယ်ရှားခဲ့ခြင်းမှာ ဥပဒေနှင့် ညီကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝ
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် သာယာကုန်းကျေးရွာနှင့် ကျောက် အိုင်ကျေးရွာအစပ် ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်(၃)နှင့် မိုင်တိုင်(၅) အကြား လမ်းဘေးမြေလွတ်မြေလပ်တွင် “ရတနာအောင်” ကျေး ရွာသစ်စီမံကိန်း၌ အိမ်၊ ခြံ၊ မြေကွက် ဝယ်ယူနေထိုင်ခဲ့ကြသော အိမ်ခြေ (၈၀၀၀) ကျော်အား ကျူးကျော်အဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ အင်အားသုံး ဖျက်သိမ်းနှင်ထုတ်ခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ စိစစ်၍ နစ်နာသူများအား လျော်ကြေး၊ နစ်နာကြေး များ ပေးရန်နှင့် နေရာထိုင်ခင်း စီစဉ်ပေးရန် အစီအစဉ် ရှိ၊ မရှိ အမျိုးသားလွှတ်တော်၌ မေးမြန်းမှုကို ဖြေကြားရာတွင် ဒေါက်တာအောင်သူ က အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခြင်းဖြစ်သ
“၁၉၅၅ ခုနှစ် အစိုးရဥပစာ နှင်ထုတ်ခြင်း နည်းလမ်းအရ ကျူးကျော်သူများအား အမြန်ဆုံးနှင့် ထိရောက် ဟန့်တားနိုင်သော ဖြေရှင်းဆောင်ရွက်နည်းဖြစ် သဖြင့် အင်အားသုံး ဖြေရှင်းဆောင်ရွက်ခဲ့ရခြင်း
သမ္မတဦးသိန်းစိန် အစိုးရသက်တမ်း မကုန်မီ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း အဆိုပါကျေးရွာသစ် စီမံကိန်းတွင် နေထိုင်သူများကို ကျူးကျော်များဟုဆိုကာ ဘူဒိုဇာ ၁၅ စီး၊ ရဲဝန်ထမ်း ၂၀၀ ကျော်၊ အခြား အရပ်ဝတ် အင်အား စုစုပေါင်း ၉၀၀ ကျော်ဖြင့် နံနက်လင်းအားကြီးချိန်တွင် အင်အားသုံး ဖယ်ရှားခဲ့ခြင်းဖြစ်ပြီး နစ်နာသူများအတွက် မည်သို့ စီစဉ်ပေးရန်ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက မေလ ၄ ရက်နေ့တွင် ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့သည်။
အဆိုပါ ကျေးရွာသစ် စီမံကိန်း မြေနေရာမှာ စိုက်ပျိုးရေးဦးစီးဌာနက ပိုင်ဆိုင်ပြီး ဝင်ရောက်ကျူးကျော် နေထိုင်သူများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အကူအညီဖြင့် အင်အားသုံး ဖျက်သိမ်းနှင်ထုတ်ခြင်းမှာ ဥပဒေလုပ်ထုံးလုပ် နည်းနှင့်အညီ အဆင့်ဆင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင
ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် ဆောက်လုပ်ဆဲ မူလတန်းကျောင်းတို့ တည်ရှိသော အဆိုပါ ကျေးရွာကို သမ္မတဦးသိန်းစိန် လက်ထက်တွင် အင်အားသုံးဖယ်ရှားခဲ့စဉ် သမ္မတဦးသိန်းစိန်နှင့် ၎င်း၏ အစိုးရအဖွဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။
Credit To >>> The Voice Weekly
Thursday, May 5, 2016
ကျူးကျော်များကို အင်အားသုံးဖယ်ရှားခဲ့မှု ဥပဒေနှင့်ညီကြောင်း အစိုးရသစ်ပြော
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment