Thursday, May 5, 2016

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကို ၀န်ကြီးဌာနတစ်ခုအဖြစ် ထပ်မံတိုးချဲ့ဖွဲ့စည်းမည်

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးကို ၀န်ကြီးဌာန တစ်ခုအဖြစ် ထပ်မံတိုးချဲ့ဖွဲ့စည်း မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် နီးစပ်သည့် အ သိုင်းအ၀ိုင်းမှ သတင်းရရှိသည်။

 ယင်းကိစ္စနှင့်ပတ်သက်၍ သမ္မတ ဦးထင်ကျော်၏ ပေးပို့ချက်ကို နာယကက ယနေ့ (မေလ ၅ ရက်)တွင် ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမည်ဖြစ် ကြောင်း အစီအစဉ်၌ပါရှိသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များကို ဆွေးနွေး ခွင့်ပြုမည်ဖြစ်ကြောင်း လွှတ်တော်ရုံးမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်တာ ၀န်ယူထားသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ရာထူး အတွက် ဖွင့်လှစ်ထားသည့် ရုံးကို သီးခြားဝန်ကြီးဌာနတစ်ခုအဖြစ် တိုးချဲ့ဖွဲ့စည်းခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 အဆိုပါရုံးသည် လက်ရှိသမ္မတရုံးဝန်ကြီးဌာနလက် အောက်တွင် ရှိသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးအမည်ဖြင့် အရေးကြီးဆောင်ရွက်ချက်များကို ဒေါ် အောင်ဆန်းစုကြည်လက်မှတ်ဖြင့် ရေးထိုးထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
 လက်ရှိတွင် ၀န်ကြီးဌာန ၂၁ ခုရှိရာ အဆိုပါဝန်ကြီးဌာနဖွဲ့စည်းပြီးပါက ၀န်ကြီးဌာန ၂၂ ခုအထိရှိလာမည်ဖြစ်သည်။
Credit To >>> 7 Day Daily 

0 comments:

Post a Comment