Monday, May 23, 2016

ရက် ၁၀၀ စီမံကိန်းအတွင်း 2600 MHz ဝန်ဆောင်မှုလေလံတင်မည်


ရက် ၁၀၀ စီမံကိန်းအတွင်း 2600 MHz ဝန်ဆောင်မှု လေလံတင်မည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာမှ တစ်ဆင့် ဖော်ပြချက်အရ သိရသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍ၏ ရက် ၁၀၀ အတွင်း ဆောင်ရွက်မည့်ဆောင်ရွက်ချက်များကို နိုင်ငံပိုင်သတင်းစာမှ မေးမြန်းရာတွင် အထက်ပါ အချက်ကို ဖော်ပြထားခြင်းဖြစ်သည်။ 2600 MHz မှာ Braod Band ဝန်ဆောင်မှုပေးမည့်လုပ်ငန်းတွင် အဓိကကျသည့်လှိုင်းနှုန်းဖြစ်ကြောင်း၊ Broad Band ဝန်ဆောင်မှုကိုပေးရန် နည်းလမ်းနှစ်မျိုးရှိကြောင်း၊ Fit Broad Band, Fiber to the home နှင့် လှိုင်း နှုန်းစဉ်သုံးသည့်ဝန်ဆောင်မှုဖြစ်ကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးစိုးသိန်းက နိုင်ငံပိုင်သတင်းစာသို့ ပြောကြားထားသည်။ လှိုင်းနှုန်းနှင့်ပတ်သက်၍ 200 MHz ဝန်ဆောင်မှုပေးရာတွင် အဓိကကျသည့်လှိုင်းနှုန်း၊ လက်ရှိတယ်လီဖုန်း အော်ပရေတာများတွင်ပေးထားသည့် 900 MHz, 1100 MHz တို့ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

နှစ်အလိုက်ပေးမည့် လှိုင်းနှုန်းစဉ်များကို လှိုင်းနှုန်းစဉ် Roadmap တွင် အတည်ပြုကြေညာထားပြီးဖြစ်ကြောင်း ဦးစိုးသိန်းက ဆက်လက်ပြောကြားထား သည်ကို တွေ့ရသည်။ Broad Band တိုးတက်ပါက နိုင်ငံ၏ GDP နှင့် တိုက်ရိုက်အချိုးကျသည်ဖြစ်၍ နိုင်ငံတော်တွင် Broad Band ဝန်ဆောင်မှုတိုးတက်ရန် အခြားနိုင်ငံများနှင့် ယှဉ်ပါက လိုအပ်နေသေးကြောင်း၊ 2600 MHz ကို အတည်ပြုသုံးခွင့်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ကို တွေ့ရသည်။ 2600 MHz လှိုင်းနှုန်းလိုင်စင်တွင် ကြိုးမဲ့အင်တာနက် ဝန်ဆောင်မှုကိုသာ ပေးသွားမည် ဖြစ်ကြောင်း အင်တာနက် ဝန်ဆောင်မှုလိုင်စင် ရရှိထားသည့် ကုမ္ပဏီများက ပြောကြားခဲ့ဖူးသည်။

ကြိုးမဲ့အင်တာနက် ဝန်ဆောင်မှုဖြစ်၍ အော်ပရေတာဈေးကွက်ကို ထိခိုက်မည် မဟုတ်ကြောင်း ဆိုသည်။ 4G LTE အသုံးပြုလာနိုင်မည့် 2600MHz လှိုင်းနှုန်းစဉ် အတွက် မိုဘိုင်းအော်ပရေတာများ အပါအဝင် NFS(I) လိုင်စင် ရရှိထားသူများအား လေလံခေါ်ယူခဲ့ခြင်းဖြစ်သည်။။ လက်ရှိ NFS(I) လိုင်စင် ရရှိထားသူများ အားလုံးပါဝင်နိုင်ပြီး လေလံအချက်အလက်များနှင့် ပတ်သက်ပြီး အကြံပြုလိုပါက အကြံပြုနိုင်ရန် ဖိတ်ခေါ်ခဲ့ဖူးသည်။

Credit To >>> Internet Journal

0 comments:

Post a Comment