Monday, May 23, 2016

ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ တာချီလိတ်နယ်စပ်ဝင်ပေါက်မှတစ်ဆင့် ဝင်/ထွက်လည်ပတ်လျက်ရှိ


နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွား ဧည့်သည်များသည် တာချီလိတ်နယ် စပ်ဝင်ပေါက်မှတစ်ဆင့် ဝင်/ထွက် လည်ပတ်လျက်ရှိသည်။
မေ ၁၂ ရက် မှ ၁၉ ရက်အထိ ထိုင်းနှင့်တရုတ် နိုင်ငံသား အများစုပါဝင်သော နိုင်ငံခြားသားခရီးသွား ဧည့်သည် ၄၉၅ ဦး တို့သည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတစ်ဆင့် တာချီလိတ် နယ်စပ်သို့ ဝင်ရောက်လာကာ တာချီ လိတ်မြို့တွင်းရှိ တာလော့ဈေး၊ ဘုရင့်နောင်ရုပ်တု၊ မဟာမြတ်မုနိ ဘုရားကြီး၊ ဝမ်းကောင်းဈေး၊ မြို့လယ်ဓမ္မာရုံ၊ ရွှေတိဂုံစေတီတော်၊ တိုင်းရင်းသားကျေးရွာ၊ နဂါးနှစ်ကောင် ရှမ်းဘုန်းကြီးကျောင်း၊ တရုတ်ဘုံကျောင်းနှင့် မိုးနှင်းဘုရား (ရှမ်း) ဘုန်းကြီးကျောင်းတို့သို့ သွားရောက် လည်ပတ်ခဲ့ကြကာ ထိုင်းနိုင်ငံသား အများစုပါဝင်သော ခရီးသွားဧည့်သည် ၂၆၃ ဦးတို့သည် မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်ဒေသများ သို့ လည်းကောင်း၊ထိုင်းနိုင်ငံသား အများစုပါဝင်သော ခရီးသွား ဧည့်သည် ၄၂ ဦးတို့သည် မိုင်းလား ခရီးစဉ်ဒေသသို့ လည်းကောင်း၊ ထိုင်းနှင့် တရုတ်နိုင်ငံသား အများစု ပါဝင်သော ခရီးသွားဧည့်သည် ၁၉၉ ဦးတို့သည် တာချီလိတ်မှတစ်ဆင့် တောင်ကြီး၊ အင်းလေး၊ ပုဂံ၊ မန္တလေး၊ ကျိုက်ထီးရိုး၊ ရန်ကုန် စသည့် ပြည်တွင်းပိုင်း ခရီးစဉ်ဒေသများသို့ လည်းကောင်း သွားရောက်လည်ပတ် ကြသည်။
ယခုအခါရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ခရီးစဉ်ဒေသများသို့ နိုင်ငံခြားသားများ လာရောက်လည်ပတ်မှု၊ စိတ်ဝင်စားမှု များလာသောကြောင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသွားဧည့်သည် များမှတစ်ဦးချင်းသာမက အစုအဖွဲ့ များဖြင့် တာချီလိတ်နယ်စပ် ဝင်ပေါက်မှ စဉ်ဆက်မပြတ် ဝင်/ ထွက် လည်ပတ်လျက်ရှိကြောင်း သိရသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment