Tuesday, April 5, 2016

လုံခြုံရေးအဆင့်မြှင့်ထားသည့် Chip ပြား ထည့်သွင်းထားသော ယာဉ်မောင်းလိုင်စင် ပြောင်းလဲထုတ်ပေးနေ

ယာဉ်မောင်း လိုင်စင်ကို အတုမပြုလုပ်နိုင်ရန် လုံ ခြုံရေး အဆင့်မြှင့်ထား သည့် Chip ပြား ထည့်သွင်းထားသည့် အဆင့် မြင့် လိုင်စင်ကို တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ယခုဧပြီလဆန်းပိုင်းမှ စတင်ကာ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားမှုဦးစီးဌာန(နေပြည်တော်) ရုံးချုပ်မှသိရသည်။

Chip ပြား ထည့်သွင်းထား သည့်အဆင့်မြင့်လိုင်စင်ကို တစ်နိုင်ငံ လုံးတွင် ယခုမှစတင်လုပ်မည့်ယာဉ် မောင်းလိုင်စင်နှင့် သက်တမ်းတိုးလာ ရောက် လုပ် သည့်(ခ)လိုင်စင်၊ (င)လိုင် စင်များကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ယင်းကဲ့သို့ဆောင်ရွက်ရခြင်းမှာ လိုင်စင်အတုများဖြင့် ယာဉ်များကို မောင်း နှင့် မှုများပြားလာခြင်းကြောင့် လိုင်စင်လုံခြုံရေးအတွက် အဆင့်မြှင့် တင်ခြင်း ဖြစ်ပြီး ရဲမှူးများ လိုင်စင်အတု အစစ်စစ်ဆေးရာတွင် မိုဘိုင်း ဖုန်းဖြင့် လွယ်ကူစွာစစ်ဆေးနိုင်ရန်ရည် ရွယ်ပြီး ပြုလုပ် ခဲ့ကြောင်း သိရသည်။
"သာမန် UV pointer နဲ့ စစ် ဆေးရင်အတုနှင့် အစစ်ကိုခွဲခြား လို့မလွယ် ပါဘူး၊ Chip ပြားကကတ် အတွင်းမှာဆိုတော့ အတု လုပ် ဖို့ မလွယ်ပါဘူး လေ၊ အခုမိုဘိုင်းဖုန်း နဲ့အလွယ်တကူ စစ်ဆေးနိုင်တော့ မှာပါ၊ ဧပြီလမှစပြီး တစ်နိုင်ငံလုံး ရှိတိုင်းဒေသ ကြီးပြည်နယ်၊ ခရိုင်းရုံး တွေကိုလည်း ထုတ်ပေး နေ တာပါ၊" ဟုကုန်းလမ်းပို့ဆောင်ေ ရးညွှန်ကြား ရေးမှူးဦးစီးဌာန ၊ နေပြည်တော် ရုံး ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဧပြီ လ ၄ ရက်က ဒီမိုကရေစီ တူဒေးသ တင်းစာသို့ပြောသည်။
ယာဉ်မောင်းလိုင်စင်အတု၊ အစစ်ခွဲခြားနိုင်ရန်ယာဉ်ထိန်း ရဲများ၏ မိုဘိုင်းဖုန်း များတွင်အစစ်၊ အတုစစ်ဆေးနိုင်တဲ့ဆော့ဝဲလ်များ ထည့်သွင်း ပေးထားမည် ဖြစ်သည်။
ကုန်းလမ်းပို့ဆောင်ရေးညွှန် ကြားရေးမှုဦးစီးဌာန ကညန (နေ ပြည်တော်) ရုံးချုပ်အနေဖြင့် ဇန်န ၀ါရီလ ၁၂ ရက်မှစတင် ကာမြန်မာ ၊ အိန္ဒိယ၊ ထိုင်း၊ သုံးနိုင်ငံအကြားနိုင်ငံ အချင်းချင်းခရီးသည်နှင့် ကုန်စည် များ မော်တော် ယာဉ်ဖြင့် သယ်ဆောင် သွားလာမှု စည်းကမ်းများ သဘော တူစာချုပ် အရ နေပြည်တော် ရုံးတွင် PVC Smart Card ဖြင့် ထုတ်ပေး ထားသော ယာဉ်မောင်း လိုင်စင်၊ ယာဉ်အကူလက်မှတ်များကို လုံခြုံ ရေးအဆင့်မြင့် သည် Chip ပြားပါ သော လိုင်စင်ကတ်အဖြစ်ပြောင်း လဲထုတ်ပေး ခဲ့ကြောင်းသိရသည်။
Chip ပြားပါသည့်ယာဉ်မောင်း လိုင်စင်ထုတ်ပေးခြင်းဖြင့် လိုင်စင် ကိုင်ဆောင် သူတစ်ဦးချင်း၏ အချက် အလက်များကိုလုံခြုံ စိတ်ချစွာထိန်း သိမ်းပေးနိုင်ခြင်း၊ လိုင်စင်မှန်ကန်မှု ရှိ/မရှိ စစ်ဆေးမှုကို စစ်ဆေး သည့် နေရာ တွင် ချက်ချင်းအတည်ပြုနိုင် ခြင်း၊ ယာဉ်စည်း ကမ်းဖောက် ဖျက် သူများအား အမှတ်စနစ် Demerit Point System အရ ပြစ်မှုကျူး လွန် သော ယာဉ်မောင်း များအား အမှတ် ပေး၍ အပြစ်ပေးအရေးယူဆောင် ရွက်နိုင်ခြင်းတို့ကြောင့် ယာဉ်စည်း ကမ်းချိုးဖောက် သူများအားထိရောက် စွာအရေးယူဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် ယာဉ်မောင်းလိုင်စင် အတုကိုင်ဆောင်မှုများအားလည်း အလွယ်တကူစစ်ဆေးဖော်ထုတ်နိုင် မည်ဖြစ်ကြောင်း သိရသည်။
Credit To >>> Yangon Media Group

0 comments:

Post a Comment