Friday, April 1, 2016

အစိုးရအလွှဲအပြောင်းကာလတွင် မန္တလေး၌ ခွင့်ပြုခဲ့သည့် စီမံကိန်းများ ပြန်လည်စိစစ်မည်

 မန္တလေးတိုင်းဒေသကြီး အစိုးရသစ်လက်ထက် ပထမဦး စားပေးအဖြစ် အစိုးရအလွှဲအ ပြောင်းကာလ ခွင့်ပြုခဲ့သည့် စီမံ ကိန်းများကို ပြန်လည်စိစစ်မည် ဖြစ်ကြောင်း ၀န်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ကပြောကြားသည်။

‘‘မန္တလေးတိုင်းမှာ စီမံကိန်း ချပြီး မပြီးပြတ်သေးတဲ့ လုပ်ငန်း တွေရှိသလား။ နောက်ပြီး အသစ် လုပ်တဲ့ စီမံကိန်းတွေ၊ ဒါတွေက ပြည်သူကို အကျိုးရှိသလား၊ မရှိ ဘူးလား။ အာဏာလွှဲပြောင်းခါနီး တစ်လအလို၊ ပြည်ထောင်စုလွှတ် တော်မှာ အာဏာလွှဲပြောင်းနေတဲ့ အချိန်မှာတောင်မှ စာချုပ်တွေ ချုပ်သွားတာ ဒီမှာအများကြီးပဲ။ ခင်ဗျားတို့ ပိုသိပါတယ်။ အဲဒီ ဟာတွေဟာ တကယ်ပဲ ပြည်သူ ကို အကျိုးရှိသလား၊ မရှိဘူးလား ဆိုတဲ့ ဆန်းစစ်ချက်ကတော့ ကျွန် တော်အရင်ဆုံးလုပ်ရလိမ့်မယ် ထင်တယ်’’ဟု ဒေါက်တာဇော် မြင့်မောင်က မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် မတ်လ ၃၁ ရက် က ကျမ်းသစ္စာကျိန်ဆို ပြီးနောက် သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားသည်။
လောလောလတ်လတ် ခွင့် ပြုပေးထားခဲ့သည့် စီမံကိန်းများ ကို ပညာရှင်များဖြင့် အမြန်ဆုံး စိ စစ်မည်ဖြစ်သည်ဟု ၎င်းကဆို သည်။ သို့သော် ဥပဒေပြဋ္ဌာန်း ချက်များအရ အစိုးရတစ်ရပ်က စာချုပ်ချုပ်ဆိုခွင့်ပြုပေးခဲ့သည့် လုပ်ငန်းစီမံကိန်းများကို နောက် တက်လာမည့် အစိုးရက အလွယ် တကူ ပယ်ဖျက်၍မရဘဲ ဆက် လက်လုပ်ကိုင်ရမည်ဖြစ်ပြီး စာ ချုပ်ပြင်ဆင်ချုပ်ဆိုခြင်း၊ ပြန် လည်ညှိနှိုင်းခြင်းမျိုးသာ ပြုလုပ် နိုင်မည်ဖြစ်သည်ဟုဆိုသည်။
‘‘အစိုးရဟောင်းက ချုပ်သွား တဲ့ စာချုပ်၊ အစိုးရသစ်က လက် ဆင့်ကမ်းသယ်ဆောင်ရတယ် လေ။ ဒါက ထုံးစံပဲလေ။ ဒါပေမဲ့ TERMS AND CONDITION မှာ ပါတဲ့ဟာတွေကိုတော့ ကျွန်တော် တို့ပြင်ခွင့်ရှိရမယ်။ သိပ်နစ်နာတဲ့ ဟာကြီးတွေကိုတော့ ကျွန်တော် တို့က လက်သင့်ခံလို့မရဘူး။ ဒါ ကတော့ ညှိယူရမှာပေါ့ဗျာ။ အပ် ကျမပ်ကျ မပြောနိုင်တာ အဲဒါ ပါ။ ဘာလို့လဲဆိုတော့ ဒီဟာတွေ ကို Analysis လုပ်ဖို့ ပညာရှင်အဖွဲ့ လိုတယ်။ ကမန်းကတန်းနဲ့ မြန် မြန်ဆန်ဆန်လည်း လုပ်ရမယ်လေ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တိုင်းဒေသကြီးနဲ့ဆိုင်တယ်လေ။ နစ်နာမယ့်လူတွေက အများကြီး လေဗျာ။ အဲဒါက တကယ်ပဲ အကျိုးရှိတယ်ဆိုရင်တော့ ဆက် လုပ်ပေါ့။ အကျိုးမရှိဘူးဆိုရင် တော့ ညှိကြတာပေါ့။ ဆွေးနွေး ကြတာပေါ့’’ဟု ၎င်းကဆိုသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment