Friday, April 1, 2016

ဧရာဝတီမြစ်ရေ ရုတ်တရက်မြင့်တက်လာ၍ မြစ်အောက်ဘက်မြို့များအတွက် သတိပေးချက်ထုတ်ပြန်

ကချင်ပြည်နယ်တွင် နေ ရာကွက်၍ မိုးကြီးခဲ့ပြီး ဧရာဝတီ မြစ်ရေ ရုတ်တရက်မြင့်တက်လာ ခဲ့သောကြောင့် မြစ်အောက်ဘက် မြို့များတစ်လျှောက် သတိထား ရန် မိုးလေ၀သနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက သတင်းထုတ် ပြန်ထားသည်။
ဧရာဝတီမြစ်ရေသည် မြစ် ကြီးနားမြို့၌ မတ်လ ၃၀ ရက်က ၁၈ နာရီအတွင်း ၆ ပေခွဲခန့် မြင့် တက်ခဲ့ပြီး အနည်းငယ်ပြန်ကျ သွားသောကြောင့် မြစ်ကြောင်း တစ်လျှောက်ရှိနေသည့် မြို့များ အတွက် မြစ်ရေသတိပေးချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း မိုးလေ ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
‘‘နေရာကွက်ကျားမိုးကောင်း ပြီး ရေက ရုတ်တရက်တက်လာ တော့ ဒီအချိန်က ရေနည်းနေပြီ ဆိုပြီးတော့ မြစ်ကမ်းဘေးသဲ သောင်ခုံတွေမှာ စိုက်ဖို့၊ ပျိုးဖို့ ဆင်းနေတဲ့သူတွေ၊ သွားလာနေ တဲ့ ရေယာဉ်တွေ၊ စက်လှေတွေ သတိထားဖို့ လိုပါတယ်’’ဟု ဦးကျော်မိုးဦးက ပြောသည်။

 ဧရာဝတီမြစ်ရေ ရုတ်တ ရက်မြင့်တက်လာသောကြောင့် မြစ်ကြီးနားမြို့အောက်ပိုင်းဒေသ များဖြစ်သည့် ဗန်းမော်နှင့် ကသာ မြို့တို့တွင် နောက်တစ်ရက်မှ နှစ် ရက်အတွင်း ၂ ပေမှ ၅ပေခန့် မြင့် တက်ကာ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူနှင့် ညောင်ဦးမြို့တို့ တွင် လာမည့် သုံးရက်မှ ခြောက် ရက်အတွင်း ၂ ပေခွဲ မှ ၃ ပေခွဲခန့် အထိ မြင့်တက်လာနိုင်သည်ဟု သတိပေးထားသည်။
ဧရာဝတီမြစ်တွင် ယခုကဲ့သို့ မြစ်ရေကျချိန်၌ မြစ်ဘေးတစ် လျှောက်ရှိ သဲသောင်များ၊ မြေနု ကျွန်းများ၌ စိုက်ပျိုးရေးသမားများ က တဲအိမ်များဆောက်ကာ နေ့ ရောညပါနေ၍ သီးနှံများစိုက်ပျိုး လေ့ရှိကြသည်။
ကချင်ပြည်နယ် ဒေသအချို့ တွင် နေရာကွက် မိုးကောင်းနေ ပြီး မြစ်ကြီးနားမြို့၌ ၁၉၇၄ မတ်လက အမြင့်ဆုံးမိုးရေချိန်ကို မတ်လ ၃၀ ရက်တွင် စံချိန်ကျိုး သည်အထိ သည်းထန်စွာရွာသွန်း ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာနမှ သတင်း ရရှိသည်။

Credit To >>> 7Day Daily

0 comments:

Post a Comment