Friday, April 1, 2016

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်အတွင်း ၄င်း၏ အချုပ်အချာအာဏာပိုင်ဆိုင်မှုကို ကာကွယ်မည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖျင်ပြော


တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တောင်တရုတ်ပင်လယ်တွင်း ၄င်း၏ အချုပ်အချာအာဏာကို တရုတ်နိုင်ငံက အပြည့်အ၀ ကာကွယ်မည်ဖြစ်ပြီး တိုက်ရိုက်ဆွေးနွေးခြင်းဖြင့် အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းသင့်သည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
သမ္မတ ရှီက တရုတ်နိုင်ငံသည့် ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်အပေါ် လုံခြုံမှုပေးပြီး လေးစားမှုရှိပါကြောင်း၊ အခြားနိုင်ငံများ အနေဖြင့်လည်း နိုင်ငံတကာဥပဒေများ အောက်တွင် လုပ်ကိုင်ဆောင်ရွက်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု တရားဝင်သတင်းအေဂျင်စီက ဖော်ပြသည်။ ၀ါရှင်တန်တွင် ပြုလုပ်နေသော နျူးကလီးယား ထိပ်သီးဆွေးနွေးပွဲ၌ ပြင်ပအစည်းအဝေးတစ်ခုအနေဖြင့် သမ္မတ အိုဘားမားကို မှတ်ချက်ပေးပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ 
Credit To >>> Democracy Today

0 comments:

Post a Comment