Thursday, April 28, 2016

ကန်ဒေါ်လာငွေလဲနှုန်း အနည်းငယ် မြင့်တက်လာ


သင်္ကြန်ကာလ နောက်ပိုင်းကျဆင်းနေသည့် အမေ ရိကန်ဒေါ်လာငွေလဲနှုန်း ယခုအပတ် အတွင်း ပြင် ပဈေးကွက်တွင် အနည်း ငယ်ပြန်လည်မြင့်တက်လာကြောင်း ပို့ကုန်^သွင်းကုန်လုပ်ငန်းရှင်အသိုင်း အ၀ိုင်းမှ သိရသည်။

ပြင်ပငွေကြေးဈေးကွက်အတွင်း ဧပြီ ၂၁ ရက်က အမေရိကန် တစ်ဒေါ်လာ လျှင် မြန်မာငွေကျပ် ၁၁၅၈ ၀န်းကျင်မှ လက်ရှိ ဧပြီ ၂၇ ရက်တွင် ကျပ် ၁၁၆၉ ၀န်းကျင်သို့ ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရ သည်။
ယင်းအပြင် သင်္ကြန်နောက် ပိုင်းရုံးဌာနများ ပြန်လည်ဖွင့်လှစ် ချိန်တွင် ဧပြီ ၂၂ ရက်က မြန်မာ နိုင်ငံတော်ရည်ညွှန်းငွေလဲနှုန်းတွင် အမေရိကန်တစ်ဒေါ်လာလျှင်ကျပ် ၁၁၇၀ မှ အနည်းငယ်ကျဆင်းခဲ့သော် လည်း ယခု ဧပြီ ၂၇ ရက်တွင်ကျပ် ၁၁၇၀ သို့ပြန်လည်မြင့် တက်ခဲ့ကြောင်း သိရသည်။
စီးပွားရေးပညာရှင် ဦးလှမောင် က "ဒီနှစ်ဆန်းပိုင်းတုန်းက ရွေး ကောက်ပွဲ ကာလဖြစ်တဲ့အတွက် နှစ် ဆန်းပိုင်းမှာ နိုင်ငံရေး မတည်ငြိမ်မှု တွေ ဖြစ် လာနိုင်တယ်ဆိုတဲ့ စိုးရိမ် မှုတွေကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ် နှံ သူတွေ စောင့်ကြည့်နေ တာ ကြောင့် ဒေါ်လာဈေးက ကျပ် ၁၃၀၀ လောက် အထိတက်သွားတယ်။ နောက်ပိုင်းမှာ အမေရိကန်ဒေါ်လာဈေးက ကမ္ဘာ နဲ့အ၀န်းကျဆင်းလာတာရယ်။ ရွေး ကောက်ပွဲကိုတည်ငြိမ်စွာ ကျင်းပနိုင် ပြီး အေးချမ်းစွာ လွှဲပြောင်းတာတွေ လုပ်နိုင်ခဲ့တဲ့ အတွက် နိုင်ငံရေး အပြောင်း အလဲအပေါ်မှာမူတည်ပြီး ဒေါ် လာ ဈေးက ကျသွား တယ်။ နောက် တစ် ချက်က မြန်မာနိုင်ငံမှာ စီးပွားရေး လည်ပတ်မှုအရ ဧပြီလဆန်းပိုင်းမှာ ဒေါ်လာဈေးအကျဆုံးပဲ။ ဧပြီနောက် ပိုင်းက စပြီး ဈေးပြန်တက်လေ့ရှိတာ စက်တင်ဘာ မှာ ဒေါ်လာဈေး အမြင့်ဆုံး အခြေအနေကို ပြန်ရောက် လေ့ရှိတယ်။ အခုဆိုရင် သင်္ကြန် နောက် ပိုင်းမှာ ဒေါ် လာ တဖြည်းဖြည်း တက်ရိပ်ပြနေတယ်" ဟု ဆိုသည်။
ယင်းအပြင် သင်္ကြန်ပိတ်ရက် ရှည်သောကြောင့် ရပ်နားထားသည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပြန် လည်စတင်လာ သဖြင့် ဈေးကွက် အ တွင်းဒေါ်လာလိုအပ်ချက်ကြောင့် ဒေါ် လာဈေးနှုန်းအနည်းငယ်မြင့်တက် လာခြင်းဖြစ်ကြောင်း ပို့ကုန်၊ သွင်း ကုန်လုပ်ငန်းရှင်အသိုင်းအ၀ိုင်းက ဆိုသည်။
သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ် သူ ဦးသိန်းနိုင်က "အစိုးရသစ်တက် တာတစ်ခုတည်းကြောင့်တော့ ချက် ချင်းကြီး ဒေါ်လာဈေးကျ သွားတာ မျိုးတော့မဟုတ်ဘူး။ ဒေါ်လာဈေး ကျပြီး မြန်မာငွေတန်ဖိုးတက်လာ ဖို့အတွက်ဆိုရင် လုပ်ရမယ့်အချက် တွေ အများကြီး ရှိတယ်။ အခုကတော့ ရက်ရှည် အစိုးရရုံးပိတ်ရက်ကြောင့် ဒေါ်လာဈေးကကျသွားတာလို့ထင် ပါတယ်။ လက်ရှိ အခြေအနေကြောင့် လည်း ဈေးကွက်ကိုတော့ ကြီးမား တဲ့ သက်ရောက်မှုတော့ မရှိပါဘူး" ဟု ဆိုသည်။
၂၀၁၅ ခု နှစ်ကုန်ပိုင်းနှင့် ၂၀၁၆ ခု နှစ်ဆန်းပိုင်းကာလများတွင် အမေရိကန်ဒေါ်လာလဲလှယ်နှုန်း ထားသည် ကန်တစ်ဒေါ်လာ လျှင် ကျပ် ၁၃၀၇ အထိမြင့်တက်ခဲ့ပြီး လက် ရှိတွင်ကျပ် ၁၁၇၀ သို့ရောက်ရှိနေ ခြင်းကြောင့် နှစ်ဆန်း ပိုင်းနှင့်ယှဉ် ပါက ဈေးနှုန်း ကအကျဘက်မှာ ရှိခဲ့ သည်။
စီးပွားရေးလုပ်ငန်းရှင်ဦးအောင်ဟိန်းက "အစိုးရသစ်လက်ထက် မှာ လာဘ်ပေးလာဘ်ယူမှုတွေကို လုံးဝပျောက်ကင်းအောင် လုပ်မယ် လို့ပြောထားတယ်။ နောက်တစ်ခုက တော့ အရပ်သားအစိုးရလည်းဖြစ် တဲ့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုတွေဝင် လာရင် မြန်မာကျပ်ငွေ တန် ဖိုးက ပြန်မာလာမယ်လို့ထင်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မြန်မာ ကျပ် ငွေတန်ဖိုး က ပြန်မာလာသေးတယ်။ အခုရက်ပိုင်းတော့ ဒေါ်လာဈေး က နည်းနည်းပြန်လှုပ်သွားတာပါ" ဟု ဆို သည်။
ဧပြီ ၂၇ ရက် နိုင်ငံခြားသုံးငွေ လဲနှုန်း ပြင်ပဈေးကွက်တွင် ကန်တစ် ဒေါ် လာ လျှင်ကျပ်ငွေ ၁၁၆၉-၁၁၇၅၊ ပုဂ္ဂလိကဘဏ်ငွေ လဲနှုန်း တွင် ကျပ် ၁၁၆၄-၁၁၇၉နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ်ထားသည့် ကန်တစ်ဒေါ်လာလျှင်ကျပ် ၁၁၇၀ ရှိ ကြောင်း သိရသည်။
Credit To >>> Democracy Today 

0 comments:

Post a Comment