Thursday, April 28, 2016

ကိုရီးယားကျွန်းဆွယ်ကို အခြေအနေဆိုးရွားစေမည့် လုံခြုံရေးကို ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း တရုတ်ပြော

 
တရုတ်နိုင်ငံသည် ကိုရီးယားကျွန်းဆွယ်တွင် အခြေအနေဆိုးရွားစေမည့် လုံခြုံရေးကို ခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ကြာသပတေးနေ့၌ အာရှတိုက်မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ပြုလုပ်သော လုံခြုံရေး အစည်းအဝေးတစ်ခုတွင် ပြောကြားလိုက်သည်။
သူက “ကိုရီးယားနှစ်နိုင်ငံရဲ့ နီးကပ်တဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ ကိုရီးယားကျွန်းဆွယ်ပေါ်မှာ အထိကရုဏ်းတွေနဲ့ စစ်ပွဲ ဖြစ်လာမှာကို ခွင့်ပြုမှာမဟုတ်ပါဘူး၊ အကယ်၍ ဖြစ်လာခဲ့မယ်ဆုရင် ဘယ်သူမှ အောင်နိုင်မှုရရှိမှာမဟုတ်ပါဘူး၊ ပါဝင်သူတွေအားလုံးက တစ်ဦးကို တစ်ဦး ရန်စတာတွေကနေ ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်၊ စေ့စပ်ညှိနှိုင်းမှုတွေဆီကို ပြန်သွားပြီး အလုပ်လုပ်ကြရပါမယ်” ဟုပြောသည်။
မစ္စတာရှီက “တရုတ်နိုင်ငံသည် ကိုရီးယားကျွန်းဆွယ်တွင် ငြိမ်းချမ်းရေးထိန်းသိမ်းရန် ကြိုးစားဆောင်ရွက်နေကြောင်း” ပြောကြားခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတစ်ခုအနေဖြင့် တာဝန်ဝတ္တရားများကို တရုတ်နိုင်ငံက ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟုဆိုသည်။ 
Credit To >>> Democracy Today

0 comments:

Post a Comment