Thursday, April 7, 2016

မိုးပွင့်အထူးစီမံချက်ဖြင့် ထီလုံကျေးရွာအုပ်စု၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက်

ကရင်ပြည်နယ်၊ လှိုင်ဘွဲမြို့နယ်၊ထီလုံကျေးရွာအုပ်စုတွင် မိုးပွင့်အထူး စီမံချက်ဖြင့် ပြည်နယ်လူဝင်မှုကြီးကြပ်ရေး နှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန နှင့် (NRC)အဖွဲ့တို့၏ အထောက်အပံ့ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလ ၆ ရက် နံနက် ၈ နာရီက ကတ်ပြားပေးအပ်ပွဲကို ထီလုံကျေးရွာ ပအိုဝ်းဓမ္မာရုံ၌ ကျင်းပသည်။

အဆိုပါ ကတ်ပြားပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေမြင့် တက်ရောက်အမှာစကားပြောကြားပြီး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဇော်အောင်က နိုင်ငံသား စိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးစောချစ်ခင်၊ပြည်နယ်လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး တို့က ထီလုံကျေးရွာသူ/သား ၄၇ ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြား များကို ပေးအပ်ခဲ့သည်။
ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန အနေဖြင့် (NRC) အဖွဲ့၏ကူညီမှုဖြင့် တိုင်းရင်းသားပြည်သူ ၁၉၄၆၁၁ ဦး အား အခမဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ် သည်။ ပြည်နယ်အတွင်း မိုးပွင့်အဆင့် ၁ မှ မိုးပွင့်အထူး အပိုင်း ၂ အထိ တိုင်းရင်းသားပြည်သူ ၂၇၇၇၃၇ ဦးတို့အား အခမဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြားများထုတ်ပေးနိုင်ခဲ့ကာ လှိုင်းဘွဲမြို့နယ်အနေဖြင့် ၁၀ နှစ်ပြည့်သူ ၁၃၂၈၆ ဦး၊ ၁၈ နှစ်ပြည့်သူ ၂၈၇၆၄ ဦး စုစုပေါင်း ၄၂၀၅၀ ဦးကို မိုးပွင့်စီမံချက်များဖြင့် အခမဲ့နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေး ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
Credit To >>> မြ၀တီ

0 comments:

Post a Comment